Home
မြန်မာသတင်း
အိန္ဒိယပြန် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့  
DVB
·
August 7, 2020
အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတန်း အတည်ပြုလူနာပေါင်း ၃၅၉ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။  အဆိုပါလူနာသစ်တွေကတော့ စစ်ကိုင်းတိုင်း ကလေးမြို့က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့  ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး တွန်းဇံမြို့နယ်မှာ  အသွားအလာစောင့်ကြပ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဩဂုတ် ၅ ရက်နေ့ကလည်း  ချင်းပြည်နယ် တီးတိန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပါတယ်။  မနေ့ညက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်အဖြစ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၄၄၀ ခုမှာ လူနာသစ် နှစ်ဦး တွေ့ရှိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ ဩဂုတ် ၇ ရက် မနက် ၈ နာရီအထိ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၃၅၉  ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၀၈ ဦးနဲ့ ဒီအထဲက  ၂၉၀ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024