နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုကိုးကျွန်းသို့ ပထမဆုံးအကြိမ်သွားရောက်
DVB
·
August 6, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုကိုးကျွန်းမြို့နယ်ကို ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ပထမဆုံးအကြိမ်သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။
ဒါ့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းကိုသွားရောက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးအေးရဲ့ တင်ပြချက်တွေအပေါ် လိုအပ်တာ ဖြည့်ဆည်းဆောင်ရွက် လမ်းညွှန်ပေးခဲ့တယ်လို့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန ရုံးက သတင်းထုတ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော်ကနေ ရန်ကုန်ကိုရောက်ရှိလာပြီးနောက် လေယာဉ်နဲ့ ကိုကိုးကျွန်းကိုသွားရောက် ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-MOUG