TikTok ပုံစံတူထုတ်ကုန်သစ် Reels ကို ဖေ့စ်ဘွတ်ခ် မိတ်ဆက်

1.9K
TikTok ဆန်ဆန် ထုတ်ကုန်သစ် ရီးလ်စ် (Reels) ကိုဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အမေရိကန်နဲ့ နိုင်ငံပေါင်း ၅၀ ကျော်မှာ သြဂုတ်လ ၅ ရက်က စတင်မိတ်ဆက်လိုက်ပါတယ်။
လူကြိုက်များတဲ့ အင်စတာဂရမ်အပလီကေးရှင်းမှာ ရီးလ်စ် လို့ခေါ်တဲ့ ဗွီဒီယို ဝန်ဆောင်မှု ပုံစံငယ်လေးကို ဖေ့စ်ဘွတ်ခ်က ထည့်သွင်းထားတာပါ။
TikTok ရဲ့ အမေရိကန်လုပ်ငန်းတွေကို တရုတ် ByteDance ကုမ္ပဏီဆီကနေ ဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ မိုက်ခရိုဆော့ဖ်က ပြောဆိုပြီး ရက်ပိုင်းအကြာမှာပဲ အခုလို TikTok ဆန်ဆန် ထုတ်ကုန်ကို ဖေ့စ်ဘွတ်ခ်က မိတ်ဆက်လိုက်တာပါ။
အိမ်ဖြူတော် ဖိအားကြောင့် ByteDance ဟာ TikTok အစိတ်အပိုင်းတွေကို ရုပ်သိမ်းဖို့ သဘောတူလိုက်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
TikTok နဲ့ တခြား တရုတ်ကုမ္ပဏီပိုင် အပလီကေးရှင်းတွေကို တားမြစ်မယ်လို့ အိမ်ဖြူတော်က ခြိမ်းခြောက်ထားတာပါ။
ရီးလ်စ်လို့ခေါ်တဲ့ ဗွီဒီယိုဝန်ဆောင်မှုကို စမိတ်ဆက်လိုက်တာက ဖေ့စ်ဘွတ်ခ် နဲ့ TikTok ကြားက တိုက်ပွဲကို ပိုပြီး အရှိန်မြင့်စေပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်မှာ TikTokကို စုပြုံသုံးစွဲကြတဲ့ အမေရိကန်ဆယ်ကျော်သက်အများ အပြားကို ဆွဲဆောင်ဖို့ ကုမ္ပဏီ နှစ်ခုစလုံးက စိတ်အားထက်သန်နေတယ်ဆိုပြီး ရိုက်တာက ရေး ပါတယ်။