မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
SNLD ပါတီကိုယ်စားလှယ်လောင်း ၁၃၂ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်မည်
၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၃၂ ဦးနဲ့ ပါဝင်ယှဉ်ပြိုင် အရွေးခံဖို့ရှိတယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အဆိုပါကိုယ်စားလှယ်လောင်းတွေဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်ထဲက တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၃၈ နေရာ၊ ပြည်နယ်လွှတ်တော် ၇၉ နေရာမှာ ဝင်ပြိုင်ကြမယ်လို့ SNLD ပါတီက ထုတ်ပြန်ထားပါတယ်။
အမတ်လောင်း ၁၃၂ ဦးထဲမှာ အမျိုးသမီး ၂၉ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်အောက် လူငယ် ၂၄ ရာခိုင်နှုန်း၊ ၃၆ နှစ်နဲ့ ၅၅ နှစ်ကြား ၆၁ ရာခိုင်နှုန်းနဲ့ ၅၅ နှစ်အထက် ၁၄ ရာ ခိုင်နှုန်းတို့ ပါဝင်ပြီး ခေတ်ပညာတတ်ဘွဲ့ရတွေ၊ အများအကျိုးသယ်ပိုးဆောင်ရွက်လို စိတ်ရှိသူတွေ၊ အများယုံကြည်အားထားရသူတွေကို ဦးစားပေးရွေးချယ်ထားတယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ကိုယ်စားလှယ်လောင်းရွေးနည်းမှာ အဆင့် ၃ ဆင့်ရှိပါတယ်။ ပထမဆုံး ဘောင်ဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်ကော်မတီကနေ စိစစ်တယ်။ ပြီးတော့ ဗဟို ကော်မတီကို တင်ပြလာတယ်။ ဗဟိုကော်မတီကနေ ဘောင်ဝင်တဲ့လူတွေထဲက ပိုပြီးသင့်လျော်တဲ့ သူတွေ ပြန်စစ်တယ်။ အဲဒီထဲကနေထပ်ပြီး အရည်အချင်းတွေပြန်စစ်တယ်။ ပြည်ထောင်စုအဆင့်မှာ ဝင်ရောက်အရွေးခံမယ့်သူတွေဟာ အနည်းဆုံးတက္ကသိုလ်ကဘွဲ့တစ်ခုခု၊ ဒါမှမဟုတ် ဒီပလိုမာ အောင်တဲ့သူ၊ မိဘပြည်သူတွေရဲ့ ယုံကြည်အားထားမှုခံရသူ၊ ကာယကံရှင်ကိုယ်တိုင်ကလည်း မိဘပြည်သူ အကျိုးကို ဆောင်ရွက်ပေးလိုစိတ်ရှိသူ ဖြစ်ရမယ်ပေါ့နော်။ အရည်အချင်းခြင်း တူညီတယ်ဆိုရင် လူငယ်နဲ့ အမျိုးသမီးကို ပိုဦးစားပေးပါတယ်ခင်ဗျ။ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်နေရာမှာတော့ ဘွဲ့မရပေမယ့်လည်း မိဘပြည်သူတွေရဲ့ ယုံကြည်စိတ်ချအားထားရတဲ့သူတွေ၊ သူကိုယ်တိုင်ကလည်း အများအကျိုးသယ်ပိုးလိုတဲ့ စိတ်ဆန္ဒရှိသူတွေကို ရွေးချယ်ထားပါတယ်ခင်ဗျ”
အဆိုပါ အမတ်လောင်း ၁၃၂ ဦးထဲမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်အနေနဲ့ကတော့ ပါတီ ဒုဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ (ခ) စိုင်းခင်မောင်ညွန့် တစ်ဦးတည်းသာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွှန့်လွင်တို့ကတော့ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။
ပါတီရည်မှန်းချက်တစ်ခုဖြစ်တဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးအတွက် ပါတီဝင်တွေအနေနဲ့ တဘက်က လွှတ်တော်ထဲကနေ ဆွေးနွေးသလို တဘက်ကလည်း ပါတီပြင်ပကနေ သုံးပွင့်ဆိုင်နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်ဆွေးနွေးမှာဖြစ်လို့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဝင်မပြိုင်တာလို့ ဦးစိုင်းလိတ်က ပြောတယ်။
ရွေးကောက်ပွဲအတွက် အခုလိုပြင်ဆင်ထားပေမယ့်လည်း တဘက်မှာ ကိုဗစ် -၁၉ ကပ်ရောဂါ ဂယက်ကြောင့် ပြည်သူတွေကြား မဲဆွယ်စည်းရုံးဖို့ သွားရေးလာရေးအခက်အခဲဖြစ်နေသလို ငွေကြေးအင်အားတောင့်တဲ့ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာကလည်း စိန်ခေါ်မှုတရပ်ဖြစ်နေတယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။
“ကျနော်တို့ ပြည်သူတွေကို ချပြဖို့ ရှင်းလင်းဖို့ ပါတီနိုင်ငံရေးရပ်တည်ချက်၊ မူဝါဒတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ပြည်သူတွေအတွက် ဖွံ့ဖြိုးရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ စီမံချက်တွေ စသဖြင့် အချက်ပေါင်း ၂၀ လောက်ကို ကျနော်တို့ ရေးဆွဲပြင်ဆင်ထားတယ်။ ဒါပေမဲ့ ဒီကိုဗစ်-၁၉ ကာလမှာ ဒေသထဲကွင်းဆင်းဖို့ ခရီးသွားလာဖို့ အခက်အခဲရှိနေပါတယ်။ ပြီးတော့ ကျနော်တို့ ရှမ်းပြည်နယ်မှာ ငွေကြေးအင်အားတောင့်တဲ့ တခြားပါတီကြီးတွေကပါ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆို တော့ ရံပုံငွေအခက်အခဲတွေလည်း ရှိပါတယ်ခင်ဗျာ။ အထူးသဖြင့် အိုင်တီ မီဒီယာတွေကို ကျနော်တို့ မယှဉ်နိုင်ဘူး။”
အခုလိုစိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း မိမိရပ်တည်ချက်၊ ခံယူချက်၊ လူထုယုံကြည်မှုတွေ ပေါ်မူတည်ပြီး ပါတီအနိုင်ရရေး တတ်နိုင်သလောက်ကြိုးစားသွားမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ကို ၁၉၈၈ ခုနှစ်မှာ ထူထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်ပါတယ်။ ပါတီရဲ့ နိုင်ငံရေးမူဝါဒမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် တနည်းအားဖြင့် တန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိ ရေးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီပြီးရင် ဒုတိယ အမတ်အများ ဆုံးရခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံရပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိဘဲ အန်အယ်လ်ဒီနဲ့အတူ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၂ မှာ ပါတီခေါင်းဆောင်တွေ ပြန်လွတ်လာကာ ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမတ်နေရာ စုစုပေါင်း ၄၇ နေရာ အနိုင်ရခဲ့ပါတယ်။
Photo - SNLD၊ ဆက်စပ်သတင်းဟောင်း -
http://burmese.dvb.no/archives/393342
Tags
SNLD ပါတီကိုယ်စားလှယ်လောင်း
ရွေးကောက်ပွဲ
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up