အာဂျင်တီးနားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၀၀၀ ခန့်ရှိလာ

1.1K
အာဂျင်တီးနားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ထပ်မံ မကူးစက်အောင် ကြိုးပမ်းနေချိန်မှာပဲ သြဂုတ် ၅ ရက်မှာ စုစုပေါင်း သေဆုံးသူက ၄၀၀၀ နီးပါးရှိလာပြီး ကူးစက်သူ နှစ်သိန်း ကျော်လွန်လာခဲ့ပါတယ်။
ဒါပေမဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဂျင်တီးနားမှာ သေဆုံးတဲ့ အရေအတွက်က ဘရာဇီး၊ ပီရူးတို့ထက် အများကြီး လျော့နည်းပါတယ်။ ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၅,၀၀၀ ကျော်နေပြီး ပီရူးမှာတော့ ၂၀,၀၀၀ ကျော်နေပါတယ်။
အာဂျင်တီးနား ကျန်းမာရေးဝန်ထမ်းတွေဟာ ကူးစက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့စေဖို့ ဗျူနိုအေးရိစ်မြို့ ဆင်ခြေဖုံးက ဗီယာဖီယိုရီတို ကျူးကျော်ရပ်ကွက်ကို သွားပြီး ဗိုင်းရပ်စ် ပိုး ရှိ၊မရှိ စစ်ဆေးခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ၃ နှစ်မြောက်ဆက်တိုက် ကျဆင်းနေတဲ့ အာဂျင်တီးနားရဲ့စီးပွားရေးကိုလည်း ပိုမို အထိနာစေပါတယ်။ အာဂျင်တီးနားဟာ ကြွေးမြီဒေါ်လာ ၆၅ ဘီလီယံတင်နေတယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။