မန်စီးတီးတွင်ကစားခွင့်ရရေး အိပ်မက်တခုဖြစ်ကြောင်း ကစားသမားသစ်နသန်အကီ ပြော

မန်စီးတီးအသင်းလို အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းမှာ ကစားခွင့်ရတော့မှာက အိပ်မက်တခုဖြစ်တယ်လို့ ကစားသမားသစ် နသန်အကီက ပြောပါတယ်။  ဟော်လန်နောက်ခံလူ အကီဟာ  ဘုန်းမောက်အသင်း တန်းဆင်းသွားခဲ့ရပေမဲ့ ထိန်တန်းအဆင့် ခြေစွမ်းပြခဲ့တာကြောင့် မန်စီးတီးအသင်းက ပေါင်သန်း ၄၀ နဲ့ ခေါ်ယူစာချုပ်ခဲ့တာပါ။  မန်စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့အပြီးမှာတော့ အသင်းမှာကစားခွင့်ရလိုတဲ့ အိပ်မက်တွေ  အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ နသန်အကီကပြောပါတယ်။  မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းဖြစ်ပြီး နည်းပြဂွါဒီယိုလာဟာလည်း တကမ္ဘာလုံးက ချီးကျူးရတဲ့နည်းပြဖြစ်တယ်လို့ နသန်အကီက ချီး ကျူးခဲ့ပါတယ်။  ချဲလ်ဆီးလူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ အကီဟာ ၂၀၁၇ ခုနှစ်က ဘုန်းမောက်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဘုန်းမောက်အတွက် ပြိုင်ပွဲစုံမှာ ၁၂၁ ပွဲကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

//
More News
Up