
တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက မနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က ပန်ကူ(အခါ)ကျေးရွာအနီး လူမနေတဲ့ မသင်္ကာဖွယ် အဆောက်အအုံ တစ်လုံးကို တွေ့ရှိပြီး ဝင်ရောက်ရှာဖွေရာမှာ တွေ့ရှိခဲ့တာပါ။
အဆောက်အအုံထဲကနေ အမေရိကန်နိုင်ငံလုပ် ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀ ပြား၊ ပန်းရောင်၊ လိမ္မော်ရောင်စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်လောက်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိသိမ်းဆည်းခဲ့တာပါ။
အဆိုပါ သိမ်းဆည်းရမိတဲ့ လက်နက်၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ တပ်မတော်သတင်းအရ သိရပါတယ်။
ဓာတ်ပုံ-DSINFO