A d v e r t i s e m e n t With Us

အာဆင်နယ်က ဂွမ်ဒူဇီကို ပြန်ခေါ်ရန် ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီ ကြိုးပမ်း

စပိန်ကလပ် ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီဟာ အသင်းဟောင်း အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။  အသက် ၂၁ နှစ်ရှိ ပြင်သစ်သား ဂွမ်ဒူဇီဟာ ဘရိုက်တန်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားကို ကစားသမားမပီသတဲ့ အပြုအမူပြုလုပ်ခဲ့ပြီးနောက် အာဆင်အသင်းက ပထမအသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။  ဂွမ်ဒူဇီကို အူနိုင်းအမ်မရီ အာဆင်နယ်မှာ ရှိစဉ်က ခေါ်ယူခဲ့တာဖြစ်ပြီး အမ်မရီလက်ထပ်မှာ ပွဲအတော်များများ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။  လက်ရှိအချိန်မှာ နည်းပြ အာတီတာနဲ့ အဆင်မပြေဖြစ်နေတဲ့ ဂွမ်ဒူဇီကို အမ်မရီက ခေါ်ယူလိုနေပြီး အသင်းတာဝန်ရှိသူတွေကို တောင်းဆိုဖို့ရှိတယ်လို့ Foot Mercato သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၉ ပွဲ ပွဲထွက်ကစားခဲ့ပြီး အက်ဖ်အေဖလား ၃ ပွဲနဲ့ ယူရိုပါလိဂ် ၂ ပွဲလည်း ကစားခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up