A d v e r t i s e m e n t With Us

မန်စီးတီးနှင့်ကစားမည့် ချန်ပီယံလိဂ်လူစာရင်းတွင် ဂါရတ်ဘေးလ် ချန်လှပ်ခံရ

ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းဟာ မန်စီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ်လူစာရင်း ထုတ်ပြန်ခဲ့ရာမှာ တောင်ပံကစားသမားဘေးလ်ကို ချန်လှပ်ခဲ့ပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ ပထမအကျော့က ၂ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီး ဩဂုတ် ၈ ရက် ကစားမယ့် အဝေးကွင်းပွဲစဉ်မှာ နိုင်ပွဲရဖို့ လိုအပ်နေတာပါ။  နည်းပြဇီဒန်းကတော့ အင်္ဂလန်မြေမှာ ခြေစွမ်းပြခဲ့ဖူးတဲ့ ဂါရတ်ဘေးလ်ကို ၂၄ ဦးစားရင်းကနေ ချန်လှပ်ခဲ့တာပါ။  ဘေးလ်မပါဝင်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရလို့ ဆေးကုသမူခံယူခဲ့ရတဲ့ တိုက်စစ် ကစားသမာ မာရီယာနိုဒိုင်ယက်ဇ်ပါဝင်လာခဲ့ပြီး ပွဲပယ်ခံထားရတဲ့ အသင်းခေါင်းဆောင် ရာမို့စ်  လည်း ပါဝင်ခဲ့ပါတယ်။  ၂၄ ဦးစာရင်းမှာ တိုက်စစ်ကစားသမားတွေအနေနဲ့ ဘင်ဇီမာ၊ ဟာဇတ်နဲ့ အဆန်စီယို တို့ ပါဝင်ပါတယ်။ ဘေးလ်ဟာ အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ရာသီအကုန်မှာ အသင်းပြောင်းရွှေ့ဖို့ရှိနေပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up