မန်ယူနိုက်တက်က LASK ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်တက် (ရုပ်သံ)

မနေ့ညက ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ  ဥရောပအလယ်ပိုင်းက ဩစတြီးယားကလပ်အသင်း LASK ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ ပထမအကျော့ အဝေးကွင်းပွဲစဉ်တုန်းကတော့  မန်ယူအသင်းက LASK အသင်းကို ၅ ဂိုးပြတ် အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း ၇-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ မန်ယူနိုက်တက်ဟာ အဓိကကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ ပေါ့ဘာ၊ ဖာနန်ဒက်၊ မာရှဘ်၊ ရက်ရှ်ဖို့ဒ်၊ မာတစ် တို့ကို အနားပေးပြီး အရန်ကစားသမားတွေနဲ့ ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဧည့်သည် LASK အသင်းအတွက် ဦးဆောင်းဂိုးကို ပွဲချိန် ၅၅ ဖိလစ်က သွင်းယူခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၅၇ နဲ့ ၈၈ မိနစ်တွေမှာ လင်ဂတ်နဲ့ လူစားဝင်ကစားသမား မာရှယ်တို့က သွင်းယူခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ လာမဲ့ သြဂုတ် ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဆုဖလားသာ ရရှိခဲ့မယ်ဆိုရင် ဆိုးလ်ရှားအတွက် ပထမဆုံးဆုဖလား ဖြစ်လာမှာ ဖြစ်ပြီး ဒီဖလားကို ဆွတ်ခူးဖို့ စိတ်အားထက်သန်နေတဲ့ ဆိုးလ်ရှားက ပြောကြားထားပါတယ်။ “ပထမဆုံး ဆုဖလားက တော်တော်လေးကို သက်ရောက်မှု ကြီးမားပါတယ်။  ခင်ဗျား ဆာအဲလက်စ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလိုက်တဲ့အခိုက်အတန့်ကို  မြင်တွေ့ရပြီး ဖြစ်သလို ကျနော်ကိုယ်တိုင်လည်း  ကစားသမားဘဝမှာ  ပထမဆုံးဆုဖလား  ဆွတ်ခူးရရှိခဲ့ပြီးနောက် ဒီလို ဆုဖလားတွေကို ထပ်မံဆွတ်ခူးဖို့ ပိုပြီး ဆာလောင်မှု ရှိလာပါတယ်။” 

//
More News
Up