Thursday, June 8, 2023
HomeLead StoryChair NLD အမည်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်စာမျက်နှာသစ်ဖွင့် 

Chair NLD အမည်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်စာမျက်နှာသစ်ဖွင့် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  Chair NLD အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာသစ်တစ်ခု ဒီကနေ့ ဩဂုတ် ၅ ရက်မှာ ထပ်မံဖွင့်လိုက်ပါတယ်။ 

“Chair NLD Facebook စာမျက်နှာအဖွင့်အနေနဲ့ ကျေးဇူးတင်စကားနဲ့ စချင်ပါတယ်။ မနေ့က သန်လျင်ခရိုင်အုပ်ချုပ်ရေးရုံးကို သွားပြီး ကော့မှူးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် နာမည်သွားသွင်းခဲ့ပါတယ်။ ရုံးအဝင်ဝမှာ အဖွဲ့ချုပ်ကိုထောက်ခံတဲ့ ပြည်သူတွေက ကျွန်မကို “ကျန်းမာပါစေ” လို့ ဆုတောင်းပြီး ထောက်ခံအားပေးပါတယ်။ “ကျန်းမာပါစေ” ဆိုတဲ့ စကားလေး(၄)လုံးအတွက် ကျေးဇူးတင်ကြောင်းပြောချင်တာပါ။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေ ကျန်းမာအောင်နေပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ လူစုလူဝေးလိုပုံဖြစ်ရင် ကျွန်မက စိုးရိမ်မိတယ်။ ကျွန်မတို့ပြည်သူတွေ ကျန်းမာမှ နိုင်ငံတောင့်တင်းမှာပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ကျန်းမာအောင်ကြိုးစားနေမှာဖြစ်ပြီး ဆုတောင်းမေတ္တာပို့ပေးတဲ့ ပြည်သူတွေလည်း ကျန်းမာအောင်နေကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

အခုအသစ်ဖွင့်လှစ်လိုက်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ ပါတီကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေနဲ့ ဆက်သွယ်ဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပြီး ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ် အသုံးပြုဖို့ Aung San Suu Kyi အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တစ်ခုကိုလည်း ပြီးခဲ့တဲ့  မတ်လ ၃၁ ရက်က စတင်ဖွင့်လှစ် အသုံးပြုခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular