A d v e r t i s e m e n t With Us

ကက်ရှ်မီးယားဒေသတွင် လုံခြုံရေး တိုးမြှင့်ချထား

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသ အဓိကမြို့ စရီနာဂါက လမ်းတွေပေါ်မှာ အစိုးရက လုံခြုံရေး တိုးမြှင့်ချထားတာကို သြဂုတ် ၅ ရက်က တွေ့ရပါတယ်။ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အစိုးရက ပြန်ရုပ်သိမ်းတဲ့ နှစ်ပတ်လည်နေ့မှာ အကြမ်းဖက်ဆန္ဒပြပွဲတွေ မဖြစ်အောင် ဟန့်တားတာလည်း ဖြစ်ပါတယ်။  မြို့ထဲမှာ အရံအတားတွေ စည်းရိုးတွေ ချထားပြီး လူသူကင်းရှင်းနေတဲ့ လမ်းတွေပေါ်မှာ လက်နက်ကိုင် လုံခြုံရေးတပ်တွေ ကင်းလှည့်နေတဲ့ ရုပ်သံကို ဒေသခံမီဒီယာက ရိုက်ကူး ပြသပါတယ်။ ဘယ်နိုင်ငံရေးခေါင်းဆောင်မှ အိမ်ကနေ ထွက်ခွင့်မပြုဖို့ ရဲတွေကိုလည်း တာဝန်ပေးထားပါတယ်။ စီရီနာဂါ မြို့ပြင်က ဒေသခံတွေလည်း မြို့တွင်းကို မဝင်ကြဖို့ အသံချဲ့စက် တပ်ထားတဲ့ ရဲကားတွေက လှည့်ပြန်ခိုင်းနေပါတယ်။  မွတ်စလင်ကြီးစိုးတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်ကနေ ပယ်ဖျက်ပြီး အိန္ဒိယနိုင်ငံအတွင်း တခြားပြည်နယ်တွေနဲ့တန်းတူ ဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်ထောင်စုအစိုးရက အုပ်ချုပ်တဲ့ ပြည်နယ် ၂ ခုအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လက ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ကြိုးစားခဲ့ပါတယ်။ ဒီအပြောင်းအလဲကို ကက်ရှ်မီးယား ဒေသခံအများစုက ပယ်ချအပြီးမှာ ရွေးကောက်ခံ ခေါင်းဆောင်တွေ အပါအဝင် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေနဲ့  ကျယ်ပြန့်တဲ့ ကန့်သတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up