A d v e r t i s e m e n t With Us

Virgin Australia လေကြောင်းလိုင်း ဝန်ထမ်းအင်အား လျှော့ချပြီး ခရီးတိုများ ပြေးဆွဲမည်

Virgin Australia လေကြောင်းလိုင်းဟာ ဝန်ထမ်းအင်အား သုံးပုံတစ်ပုံ ဖြစ်တဲ့ လူ ၃,၀၀၀ လောက်ကို လျှော့ချပြီး ပြည်တွင်းနဲ့ ပြည်ပခရီးတိုကို အဓိကထား ပြေးဆွဲသွားမယ်လို့ ကုမ္ပဏီပိုင်ရှင်သစ် Bain Capital က သြဂုတ် ၅ ရက်မှာ ပြောပါတယ်။ လေကြောင်းလိုင်းအနေနဲ့ စီးပွားရေးနဲ့ အပန်းဖြေဖို့ ခရီးသွားတွေအတွက် ပေးရတဲ့ ငွေကြေးနဲ့ညီမျှတဲ့ တန်ဖိုးဈေးကွက်ကို ရည်မှန်းထားတာမို့ ငွေချေးငှားသူ၊ ပစ္စည်းတင်ပို့သူတွေနဲ့  စရိတ်စကကို ပြန်ညှိနှိုင်းနေတယ်လို့ လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ပေါလ်စကာရာက ပြောပါတယ်။ ဧပြီလတုန်းက Virgin Australia လေကြောင်းလိုင်းကို သီးခြားလွတ်လပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့က  တာဝန်ယူခဲ့ပြီးနောက် ဇွန်လနှောင်းပိုင်းမှာ Bain Capitalကို လေလံအောင်သူ အဖြစ် လေကြောင်းလိုင်းဘုတ်အဖွဲ့က ရွေးချယ်ခဲ့ပါတယ်။ သြစတြေးလျရဲ့ ဒုတိယအကြီးဆုံး Virgin Australia ဟာ ၇ နှစ်ဆက်တိုက် အမြတ်အစွန်း မရ ဖြစ်ခဲ့ပြီးနောက်  ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဆက်တိုက်ဖြစ်ရပ်ဆိုးတွေထဲက နောက်ဆုံး တစ်ခု ဖြစ်လာပါတယ်။ မနှစ်က ရခဲ့တဲ့ ပြည်တွင်းနဲ့ ပြည်ပခရီးတို ဝယ်လိုအားကို ပြန်ရဖို့ ၃ နှစ်ကြာ ပြန်ထူထောင်ဖို့ လေကြောင်းလိုင်းက မျှော်လင့်ထားတယ်လို့  ရိုက်တာသတင်းဌာနက ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up