Home
မြန်မာသတင်း
ငပုတောမြို့နယ်တွင် တောဆင်ရိုင်းအုပ်များဝင်ရောက် သောင်းကျန်းနေ
DVB
·
August 5, 2020
117191405_908576786293332_5511908170730102216_n
117107418_908576746293336_2186538739084302545_o
117090324_908576529626691_935010540742670920_o
116843237_908576686293342_2908027717452035879_o
116623719_908576666293344_816017916287802979_o
116475742_908576719626672_3020719198148767740_n
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု အတွင်းရှိဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်မြေတွေကို တောဆင်ရိုင်းအုပ်တွေဝင်ရောက်လာလို့ ကွန်ဂျီဆင်တွေနဲ့ တောတွင်းသို့ ပြန်လည်မောင်းထုတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောဆင်ရိုင်းအုပ်တွေက သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ၈ ကောင်အုပ်၊ ၄ ကောင်အုပ် စသဖြင့် နေ့စဉ်ဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူ တွေနဲ့ EERU- အရေးပေါ်ကွန်ဂျီဆင်များအဖွဲ့က ကွန်ဂျီဆင် ၃ ကောင်နဲ့ လိုက်လံမောင်းထုတ်နေ ရတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ "အခုချိန်က တောထဲမှာ ဆင်တွေကြိုက်တဲ့ မျှစ်တွေပေါက်နေချိန် အစာရေစာပါများတဲ့ အချိန်ဆိုတော့ ရွာနားကို ကပ်လာတာထူးဆန်းနေတယ်။ တောထဲမှာပျော်တဲ့ အချိန်ရောက်လာတာ ဆိုတော့ အန္တရာယ်တစ်ခုခုပေါ့ တောထဲ ဆင်သတ်မုဆိုးတွေရောက်နေရင်လည်း လူနေအိမ်တွေနား လယ်ကွင်းတွေကို ကပ်လာတတ်တယ်"လို့ ဆင်မောင်းရာမှာ ပါဝင်နေတဲ့ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။ လူနေအိမ်ခြေနား လယ်ကွင်းတွေနားကို ကပ်လာတဲ့ တောဆင်ရိုင်းအုပ်ထဲမှာ ရှားပါးတဲ့ စွယ်စုံဆင်ကြီးတစ်ကောင် ပါဝင်နေပြီး စွယ်စုံဆင်တွေကို ဆင်သတ်မုဆိုးတွေက ပစ်မှတ်ထား ပစ်ခတ်လေ့ရှိတဲ့အတွက် တောထဲမှာ ဆင်သတ်မုဆိုးတွေ ရှိမရှိစစ်ဆေးပြီး နယ်မြေရှင်းလင်းမယ်လို့ ဆိုပါတယ်။ ငပုတောမြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေအတွင်း တောဆင်ရိုင်းအုပ်တွေ လှည့်လည် ကျက်စားနေပြီး ၂၀၂၀ ပြည့်နှစ်မှာ ဆင်သတ်မုဆိုးတွေ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တောဆင်ရိုင်း တစ်ကောင်သေဆုံးခဲ့ပြီး အဆိပ်ရှိသတ္တဝါ အကိုက်ခံရလို့ တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့တာရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024