A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်နိုင်ပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ပြောကြားလိုက်ပါတယ်။ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းကို တုံ့ပြန်ရာမှာ ဟာကွက်တွေ ရှိနေလို့ နိုင်ငံတွင်းမှာတော့ ကူးစက်ခံ အရေအတွက် တိုးနေပြီး  မထိန်းနိုင်တဲ့အတွက် ကူးစက်ခံ ၁၅၅,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ သမ္မတ ထရမ့်ကတော့ စာသင်ကျောင်းတွေကို ညတွင်းချင်း ပြန်ဖွင့်ဖို့ တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ဆက်ဖိအားပေးနေပြီး ဗိုင်းရပ်စ် ကူးစက်မှုအပေါ် အစိုးရရဲ့ တုံ့ပြန်ပုံကိုလည်း အက်ခ်စီးယပ်စ်သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ အနောက်ဥရောပနိုင်ငံတွေထက် ပိုအခြေအနေဆိုးနေတဲ့ အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်နဲ့ သေဆုံးနှုန်းအချိုးနဲ့ ပတ်သက်ပြီး  ထရမ့်က နိုင်ငံလူဦးရေနဲ့ အချိုးချပြီး တုံ့ပြန် ပြောဆိုခဲ့တယ်လို့ အမေရိကန် အခပေး ရုပ်သံကွန်ရက် HBO ရဲ့ အက်ခ်စီးယပ်စ်က သြဂုတ် ၃ ရက်မှာ ထုတ်လွှင့်ပါတယ်။ ဇယားတွေ ဂရပ်ဖ်တွေကို ရည်ညွှန်းရင်း ထရမ့်က အမေရိကန်ဟာ ကူးစက်နှုန်း အနိမ့်ဆုံးပါ။ ကဏ္ဍအမျိုးမျိုးမှာ အမေရိကန်ဟာ ကမ္ဘာ့ပျမ်းမျှ ကူးစက်မှုနှုန်းထက်တောင် နိမ့်နေသေးတယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သေဆုံးနှုန်းဟာ အမေရိကန်မှာ တနေ့ကို ၁,၀၀၀ နှုန်းအထိ စံချိန်တင်နေပါတယ်။ ထရမ့်ကတော့ ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးတဲ့နှုန်းက ပိုတိုးနေလို့ ကူးစက်ခံ အရေအတွက်ကို ပိုများများ သိရှိအတည်ပြုနိုင်တာလို့ ထပ်ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ သြဂုတ် ၁ ရက်အထိ  လူ ၄ ဒသမ ၆ သန်းထက်မနည်း ကိုဗစ်-၁၉  ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up