ဘေရွတ်မြို့တွင် ဖောက်ခွဲရေးပစ္စည်းကုန်လှောင်ရုံ ပေါက်ကွဲ လူ ၇၈ ဦးထက်မနည်း သေဆုံး

A picture shows the scene of an explosion in Beirut on August 4, 2020. - A large explosion rocked the Lebanese capital Beirut on Tuesday, an AFP correspondent said. The blast, which rattled entire buildings and broke glass, was felt in several parts of the city. Its exact location was unknown. (Photo by Anwar AMRO / AFP) (Photo by ANWAR AMRO/AFP via Getty Images)
လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်က ကာလကြာရှည် သိမ်းဆည်းထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ သိုလှောင်ရာ ကုန်လှောင်ရုံတခု သြဂုတ် ၄ ရက် ညနေက ပေါက်ကွဲခဲ့တယ်လို့ အစိုးရ သတင်းဌာန NNA  ကထုတ်လွှင့်ပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် လူ ၇၈ ယောက်ထက်မနည်း သေဆုံး၊ ၄,၀၀၀ နီးပါး ဒဏ်ရာရခဲ့ပြီး တိုက်ခန်းတွဲ လသာဆောင်တွေ ပြိုကျကာ ပြတင်းပေါက်တွေ ပြုတ်ထွက်ကုန်ပါတယ်။ အရေးပေါ်လုပ်သားတွေက အပျက်အစီးတွေကို ရှင်းလင်းပြီး ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို သယ်ထုတ်နေလို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးနဲ့ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဘေရွတ်မြို့မှာ လတ်တလောနှစ်တွေအတွင်း အားအပြင်းဆုံး ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုအပြီးလောင်တဲ့မီးကြောင့် မြို့တော်ကောင်းကင်မှာ ရဟတ်ယာဉ်တွေ ဝဲပျံနေသလို လူနာတင်ယာဉ် အချက်ပေးဥသြသံတွေလည်း ပဲ့တင်ထပ်နေပါတယ်။ ဘေရွတ်မြို့ပေါ် ဆေးရုံတွေမှာ နေရာမလောက်တော့လို့ ဒဏ်ရာရသူတွေကို မြို့ပြင်က ဆေးရုံတွေမှာ ကုသပေးနေရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တရပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up