စီးရီးအေတန်ဖိုးအရှိဆုံး ကစားသမားဆု ဒီဘားလား ရရှိ

1K
အီတလီ စီးရီအေပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားက အသင်းဖော် ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ရရှိသွားပါတယ်။
စီရော်နယ်ဒိုဟာ အသင်းအတွက် စုစုပေါင်း ၃၁ ဂိုးအထိ သွင်းယူခဲ့ပြီး ဒီဘားလားက ၁၁ ဂိုးသာသွင်းယူခဲ့ပေမယ့် တန်ဖိုးအရှိဆုံးကစားသမားဆု ရယူနိုင်သွားတာပါ။
လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရခဲ့သလို စီးရီးအေ အကောင်းဆုံးတိုက်စစ်မှူးဆု ရရှိပါတယ်။
အက်တလန္တာ ကွင်းလယ်လူ ဂိုးမက်ဇ်က အကောင်းဆုံးကွင်းလယ်ကစားသမားဆု၊ အင်တာမီလန် နောက်ခံလူ စတီဖန်ဒီဗိုက်၊ အကောင်းဆုံး ဂိုးသမားဆုကို ဂျူဗင်တပ်စ် ဂိုးသမား ရှက်ဇနီတို့က ရရှိပါတယ်။
လူငယ်အကောင်းဆုံးကစားသမားဆုကိုတော့ ပါးမားမှာ အငှားထွက်ကစားခဲ့တဲ့ ဂျူဗင်တပ်စ်က ကူလူဆက်စကီးက ရရှိပါတယ်။
ဆုရရှိတဲ့သူတွေဟာ ဂျာစီရင်ဘတ်မှာ အကောင်းဆုံးဆုအမှတ်တံဆိပ်တစ်ခု တပ်ဆင်ခွင့်ရမှာ ဖြစ်ပြီး မနှစ်ကပြိုင်ပွဲမှာတော့ စီရော်နယ်ဒိုက ဆုရခဲ့ပေမယ့် ဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။