A d v e r t i s e m e n t With Us

ဆန်ချို၏ အပြောင်းအရွှေ့ ထူးခြားမှုမရှိသေးဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

ဂျေဒန်ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းထူးမရှိသေးကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက အသိပေးလိုက်ပါတယ်။  LASK နဲ့ ကစားဖို့ရှိတဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဆန်ချိုနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက ပြန်လည်ဖြေကြားခဲ့တာပါ။ အပြောင်းအရွှေ့ကာလက ရှည်လျားတဲ့အချိန်တစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာတော့ ထူးခြားမှုမရှိသေးကြောင်း၊ ထူးခြားမှုရှိလာရင် သတင်းထုတ်ပြန်ပေးမှာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက ပြန်လည်ဖြေကြားပါတယ်။  မန်ယူအသင်းဟာ ဂျေဒန်ဆန်ချိုအတွက် ပေါင်သန်း ၁၁၀ နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။  ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကွင်းလယ်လူ လင်ဂတ်လည်း တက်ရောက်ဖြေကြားခဲ့ပြီး ကစားခွင့်ရတဲ့အချိန်တိုင်းမှာ အသင်းကို ကူညီဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။  မန်ယူအသင်းဟာ LASK နဲ့ ပထမအကျော့ပွဲစဉ်မှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up