Home
မြန်မာသတင်း
၁၀ တန်းစာမေးပွဲအောင်စာရင်း ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှ ထုတ်ပြန်မည်
DVB
·
August 4, 2020
       ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို လာမယ့် ဩဂုတ်လ ၉ ရက်နေ့ မှာ ပညာရေးဝန်ကြီးဌာန အင်တာနက်ဝက်ဘ်ဆိုဒ်စာမျက်နှာတွေဖြစ်တဲ့  www.moe.gov.mm နဲ့ www.myanmarexam.org တို့မှာ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။        လတ်တလောမှာတော့ အောင်စာရင်းထွက်တဲ့နေ့မှာ ကိုဗစ်-၁၉ ကြောင့် သက်ဆိုင်ရာ စာ စစ်ဌာနတွေနဲ့ စာသင်ကျောင်းတွေမှာ အရင်နှစ်တွေကလို အောင်စာရင်းတွေ ကပ်ထားလိမ့်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက် အဆက်အသွယ် မရရှိနိုင်တဲ့ ကျောင်း သားတွေအတွက်တော့ မြန်မာ့အသံရေဒီယိုအစီအစဉ်နဲ့ Skynet Education Channel တို့ကနေ လည်း အောင်စာရင်းထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ ဆိုပါတယ်။ အွန်လိုင်းက အောင်စာရင်းထုတ်ပြန်ပြီး နောက်တနေ့မှာတော့ သက်ဆိုင်ရာ စာစစ်ဌာနနဲ့ စာ သင်ကျောင်းတွေမှာ အောင်စာရင်းတွေကို ကပ်ထားပေးမှာဖြစ်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး ညွှန်ကြားချက်တွေနဲ့အညီ လူမှုအ လှမ်းခွာ စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်တွေအတိုင်း လိုက်နာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။        ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈၅၁၅၂၄ ယောက်ရှိခဲ့ပြီး အောင်မြင်သူ ၂၆၇၆၉၆ ယောက်ရှိကာ အောင်မြင်ရာခိုင်နှုန်း ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့  ဖြေဆိုဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ကျောင်း သားကျောင်းသူ ၉၇၀၀၀၀ ရှိပြီး  အရင်နှစ်ကထက် ၁ သိန်းနီးပါးလောက် ပိုတိုးလာတယ်လို့ သိရ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024