Homeမြန်မာသတင်း
ပင်လယ်ဒီရေမြင့်တက်လာသဖြင့် ရေးမြို့နယ် ဇီးဖြူသောင်ပင်လယ်ကမ်းစပ်နား နေထိုင်သူများ စတင်ရွှေ့ပြောင်း
ပင်လယ်ဒီရေမြင့်တက်လာသဖြင့် ရေးမြို့နယ် ဇီးဖြူသောင်ပင်လယ်ကမ်းစပ်နား နေထိုင်သူများ စတင်ရွှေ့ပြောင်း
DVB
·
August 4, 2020
ပင်လယ်ဒီရေမြင့်တက်လာနေတာကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာရှိ ပင်လယ်ကမ်းစပ်မှာရှိနေတဲ့လူနေအိမ်တွေကို သြဂုတ် ၄ ရက် မွန်းလွဲပိုင်းက စတင်ဖယ်ရှား ရွှေ့ပြောင်းထားဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။
ပင်လယ်ဒီရေတက်ချိန်က အခုမှစတာဖြစ်ပြီး ညရေတက်ချိန်ဆို နေအိမ်တွေပါ ထိခိုက် မျောပါပျက်စီးနိုင်တာကြောင့် လူတွေ ရွှေ့ပြောင်းကြဖို့ နှိုးဆော်ထားတာပါ။
ဒီထက်မက လှိုင်းတွေကြီးပြီး ပင်လယ်ပြင်အမြင်ပေ ၃ ပေ ၄ ပေ အထိ မြင့်တက်လာ နေတာကြောင့် ကမ်းစပ်မှာ နေထိုင်ကြတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းခွင် ပစ္စည်းတွေနဲ့ လူတွေပါ ရွှေ့ပြောင်းထားဖို့ ဒေသခံ အာဏာပိုင်တွေက တိုက်တွန်းပြောကြားထားပါတယ်။
ရေးမြို့နယ်မှာ ရွှေ့ပြောင်းရေလုပ်သားတွေ ထောင်နဲ့ချီ ပင်လယ်ရေလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြပြီး အခုလို ပင်လယ်ဒီရေမြင့်တက်လာမှုတွေကြောင့် စိုးရိမ်စိတ်တွေရှိနေတာကြောင့် ဒေသခံ အာဏာပိုင် တာဝန်ရှိသူတွေက ယာယီကယ်ဆယ်ရေးစခန်းကို ကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှာထားရှိပြီး စီစဉ်နေတယ်လို့ ဆိုပါတယ်။
ပင်လယ်ဒီရေမြင့်တက်လာမှုတွေကြောင့် လူနေအိမ်တချို့ ပျက်စီးမှုတွေလည်း ကြုံနေရသလို ယာယီ ကယ်ဆယ်ရေးစခန်းမှာ လတ်တလော လူပေါင်း ၂၀ ကျော်လောက် ရောက်ရှိနေပြီး ထပ်မံတိုးလာနိုင်တယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)