ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ တစ်ရက်လျှင် လူ ၅ သိန်း အမြန်စစ်ဆေးနိုင်ရန် ဗြိတိန် ကြိုးပမ်း

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ မိနစ် ၉၀ နဲ့ အပြီးစမ်းသပ်မယ့် သန်းနဲ့ချီတဲ့ စမ်းသပ်ချက်တွေကို ဗြိတိန်မှာ စမ်းသပ်စစ်ဆေးသွားမယ်လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ သူနာပြုဂေဟာတွေမှာ လုံလောက်အောင် စစ်ဆေးမထားဘူးဆိုတဲ့ ဝေဖန်ချက်တွေ ထွက်အပြီး ခုလို ပြောတာလည်း ဖြစ်ပါတယ်။ လာမယ့်ဆောင်းရာသီမှာ ဗြိတိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်နေပြီး အမြန်စမ်းသပ်နည်း ၂ မျိုးဖြစ်တဲ့ လမ်ပိုးနဲ့ ဒီအန်အေနာ့ချ်တို့ကို သုံးမယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ လက်ရှိသုံးနေတဲ့ စမ်းသပ်ကိရိယာတွေမှာ ပြဿနာတွေ့အပြီး စောင့်ရှောက်ရေးဂေဟာ တွေမှာနေတဲ့ ဝန်ထမ်းတွေနဲ့ နေထိုင်သူတွေကို ပုံမှန်ဆေးစစ်မယ့်ကတိကို အစိုးရက မတည်နိုင်ခဲ့ဘူးလို့ ဗြိတိန်ရဲ့ အကြီးဆုံး စောင့်ရှောက်ရေးဂေဟာတွေထဲက တခုဖြစ်တဲ့ CareUK က အရင်သီတင်းပတ်က ပြောပါတယ်။ လာမယ့်သီတင်းပတ်ကစပြီး ဓာတ်ခွဲခန်းတွေ၊ စောင့်ရှောက်ရေးဂေဟာတွေနဲ့ ဆေးရုံတွေမှာ စွမ်းဆောင်ရည်တိုးမယ်လို့ အစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။ မျိုးဗီဇနဲ့ အာခေါင်တို့ဖတ် စမ်းသပ်နည်းတွေကို သုံးပြီး စမ်းသပ်မှုပေါင်း ၅ ဒသမ ၈သန်းကို စစ်ဆေးသွားမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ ဩဂုတ် ၃ ရက်အထိ အတည်ပြုချက်အရ ဗြိတိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ ဦးရေ ၄၆,၀၀၀ ကျော်နေပြီး ကမ္ဘာ့စတုတ္ထအမြင့်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up