Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ကျေးရွာအချို့ရေဘေးသင့် 
DVB
·
August 4, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဂဠုံကုန်းကျေးရွာအုပ်စုမှာ သြဂုတ် ၂ ရက်နဲ့ ၃ ရက်  ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရွာတွေထဲရေဝင်လာကာ သဲတောလေးရွာအဝင်တံတားပျက်စီးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဂဠုံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသန်းဦးက "မိုးတအားရွာတယ်။ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ သဲတောလေးရွာအဝင် တံတား ကျိုးပျက်သွားတယ်။ လူကူးလို့ရအောင် သံဘောင်ကြီးတင်ပေးထားတယ်။ ပျော်ဘွယ်ရွာ၊ မြင်သာရွာနဲ့ သဲတောလေးရွာတွေထဲလည်း ရေတွေ ဝင်နေတယ်။ ရေအနက် ၂ ပေကျော်လောက်တော့ရှိမယ်။ အခုထိတော့ အိမ်တွေမှာ နေလို့ ရသေးတယ် မိုးရွာတာ ဒီထက်ပိုများလာရင် နေမရတော့ဘူး။" လို့ ပြောပါတယ်။ နတ်စင်ချောင်း တလင်းကုန်းချောင်းတွေမှာ မိုးများတာကြောင့် မိုးရေတွေက သဲတောလေးရွာအဝင်ရေဆိုးထုတ်မြောင်းထဲဝင်ရောက်ပြီးအကျယ် ၁၂ ပေ အရှည်ပေ ၄၀ ရှိတဲ့ ကိုယ်ထူကိုယ်ထတံတားကျိုးပျက်သွားခဲ့တာပါ။ အဲဒီချောင်းမြောင်းတွေထဲက ရေတွေဟာ မိတ္ထီလာကန်ထဲကို ဝင်ပါတယ်။  သဲတောလေးရွာမှာ လူနေအိမ်ခြေ ၉၆ အိမ် ရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိပြီး ဂဠုံကုန်းကျေးရွာအုပ်စု တခုလုံးမှာတော့ အိမ်ခြေ ၅၀၀ ကျော် နဲ့ လူဦးရေ ၃၀၀၀ လောက် ရှိနေပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024