ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်း (ဓာတ်ပုံ)
DVB
·
August 4, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ သြဂုတ် ၄ ရက်မနက်က ကိုယ်စားလှယ်လောင်းအမည်စာရင်း လာရောက် တင်သွင်းပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုနှုတ်ဆက်သူ တွေ အများအပြားရှိခဲ့သလို တိုင်စာပေးဖို့ လာရောက်သူတွေလည်း ရှိခဲ့ပါတယ်။
လာရောက်တိုင်ကြားသူတွေနဲ့ အန်အယ်လ်ဒီပါတီဝင်တချို့အကြား ပြဿနာ အနည်းငယ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
Photo - Ye Myo Khant / MPA