Home
ရင်ဖွင့်စာ/ပေးစာ
ပျဉ်းမနားမြို့ မြို့အင်္ဂါရပ်နဲ့ညီအောင် ပြုပြင်ပေးပါ
DVB
·
June 5, 2013
ပျဉ်းမနားမြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ မြို့တော်သစ်ဖြစ်တဲ့ နေပြည်တော်အတွင်းမှာရှိတဲ့ မြို့တခုဖြစ်ပေမယ့် အခုအချိန်ကာလအထိ မြို့ကြီးပြကြီးတွေရဲ့ အင်္ဂါရပ်တွေနဲ့ မကိုက်ညီ သေးပါဘူး။ ပျဉ်းမနားမြို့နယ်ရဲ့ ရပ်ကွက်အတော်တော်များများမှာ ရေစီးရေလာကောင်းမွန်တဲ့ ရေဆိုးမြောင်းတွေ လုံးဝမရှိတဲ့အတွက် အ၀တ်လျှော်ရေ၊ ချိုးရေနဲ့ သုံးရေ စတဲ့ ရေဆိုးတွေ ထွက်ပေါက်မရှိဘဲ လမ်းတွေပေါ်မှာ ဖြစ်သလို စီးဆင်းနေလို့ အများပြည်သူ သွားလာရာမှာ အဆင်မပြေသလို ခြင်တွေ ပေါက်ဖွားစေနိုင်တဲ့အပြင် ရေဆိုး အနံ့အသက်တွေကြောင့် ကျန်းမာရေးကို အလွန် ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ အမှိုက်သရိုက်အညစ်အကြေးနဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်နိုင်ဖို့ အမှိုက်ကားတွေ လာရောက်မှု မရှိတဲ့အပြင် သက်ဆိုင်ရာ လမ်းတွေမှာ စည်ပင်အမှိုက်ပုံးတွေလည်း လုံးဝမရှိပါ။ ကျမနေထိုင်ရာ ရပ်ကွက်အနီး ရေဆိုးမြောင်းတွေဟာလည်း မြက်ပင်တွေ၊ အလေ့ကျပေါက်ရောက်ပင်တွေ၊ အမှိုက်သရိုက်အညစ်အကြေးတွေသာ နေရာယူညစ်ပတ်နေပြီး အနံ့အသက်ဆိုးရွားနေပါတယ်။ ဒီအခြေအနေတွေကို နေပြည်တော်အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပျဉ်းမနားမြို့နယ် စည်ပင်သာယာလှပစေဖို့နဲ့ မြို့သူမြို့သားတွေရဲ့ ကျန်းမာရေးအတွက် dvb ကတဆင့် တင်ပြလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024