Home
မြန်မာသတင်း
မြို့ ၅ မြို့တွင် အပူချိန် စံချိန်သစ်တင်ပြီး ၁ မြို့တွင် မိုးရေချိန်စံချိန်တင်
DVB
·
August 3, 2020
ဒီနေ့ မြို့ ၅ မြို့မှာ အပူချိန် စံချိန်သစ်တွေ တင်ခဲ့ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာတော့ မိုးရေချိန် စံချိန်သစ်တင်လိုက်ပါတယ်။ တံတားဦး၊ သီပေါ၊ တောင်တွင်းကြီး၊ နေပြည်တော်လေဆိပ်(ဧလာ)နဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်တို့မှာ အပူချိန်စံချိန်သစ်တွေ တင်လိုက်တာလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ တံတားဦးမှာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က စံချိန်ကို ချိုးတာဖြစ်ပေမယ့် ဒသမ ၃ ဒီဂရီစင်တီဂရိတ်ပဲ ပိုလာတာဖြစ်လို့ ဒီနေ့ ၃၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ သီပေါမှာတော့ ၂၀၁၂ ခုနှစ်က ၃၆ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၈ ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီးမှာ ၂၀၁၀ ပြည့်နှစ်က ၃၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်လေဆိပ်(ဧလာ) စခန်းမှာ ၂၀၁၀ ပြည့်နှစ်က ၃၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ၂၀၁၉ ခုနှစ်က ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ အသီးသီး စံချိန်သစ်တွေ တင်လိုက်တာပါ။ နေပြည်တော် ဥတ္တရသီရမြို့နယ်မှာပဲ ဒီနေ့ မိုးရေချိန် ၄ ဒသမ ၃၃ လက်မနဲ့ စံချိန်သစ်တင်ပြီး ၂၀၁၇ ခုနှစ်က စံချိန် ၃ ဒသမ ၃၅ လက်မကို ကျော်လွန်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024