A d v e r t i s e m e n t With Us

အမေရိကန်အာကာသယာဉ်မှူးများ လိုက်ပါခဲ့သည့် နာဆာ SpaceX ယာဉ် ပြန်ဆင်းသက်

NASA astronauts Robert Behnken and Douglas Hurley are seen aboard SpaceX's Dragon Endeavour spacecraft, August 2, 2020, in this screen grab taken from a video. NASA/Handout via REUTERS
နိုင်ငံတကာ အာကာသစခန်းဆီကို အာကာသလေ့လာရေးနည်းပညာ ကော်ပိုရေးရှင်း SpaceX ရဲ့ ဒရာဂွန်အာကာသယာဉ်နဲ့ ခရီးထွက်ခဲ့တဲ့ အမေရိကန်အာကာသယာဉ်မှူး ဘော့ဘ်ဘေကန်နဲ့ ဒေါက်ခ်ဟာလေးတို့ဟာ သြဂုတ် ၂ ရက်က မက္ကဆီကို ပင်လယ်ကွေ့ထဲ ပြန်ဆင်းသက်လာကြပါတယ်။ ၉ နှစ်အတွင်း ပထမဆုံးအနေနဲ့ နာဆာရဲ့ ပထမဆုံး လူလိုက်ပါတဲ့ အာကာသခရီးစဉ်ကို ၂ လကြာ ခရီးထွက်အပြီး ပြန်ရောက်လာတာလည်း ဖြစ်ပါတယ်။ အာကာသယာဉ်မှူး ၂ ဦးဟာ အာကာသစခန်းကနေ စနေနေ့က ပြန်ထွက်လာပြီး ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာကမ်းရိုးတန်းကို ဒေသစံတော်ချိန် ညနေ ၃ နာရီထိုးခါနီးမှာ ပြန်ရောက်လာတာပါ။ အောင်အောင်မြင်မြင် ဆင်းသက်နိုင်တာဟာ နာဆာရဲ့ ၄၅ နှစ်တာကာလအတွင်း ဒါမျိုး ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဘီလီယံနာ သူကြွယ်ကြီး အီလွန်မတ်ခ်စ်ရဲ့ အာကာသယာဉ်မှူးတွေကို အာကာသပတ်လမ်းကြောင်းဆီ အသွားအပြန် ပို့နိုင်မှု ရှိ၊ မရှိ အဓိက နောက်ဆုံး စမ်းသပ်ချက်လည်း ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတခုက အရင်က ဒါမျိုး မလုပ်နိုင်ခဲ့သေးပါဘူး။  အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာရဲ့ အာကာသယာဉ်မှူးတွေဟာ အင်မတန် အောင်မြင်တဲ့ ၂ လကြာ လုပ်ငန်းစဉ်အပြီး ကမ္ဘာမြေပေါ် ပြန်ရောက်လာတာဟာ ထူးကဲတဲ့ ပြောင်မြောက်မှုပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up