ပရီးမီးယားလိဂ်ပြန်စမည့်အချိန် စောလွန်းဟု ချဲလ်ဆီးနည်းပြ လမ်းပတ် ဝေဖန်
လာမယ့်နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲစတင်မယ့်အချိန် စောလွန်းတယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ဝေဖန်လိုက်ပါတယ်။
၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်စက်တင်ဘာ ၁၂ ရက်မှာ ပြန်လည်စတင်ကျင်းပဖို့ ပရီးမီးယားလိဂ်က သတ်မှတ်ထားတာပါ။
အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲက ဇူလိုင်၂၆ ရက်ကတည်းက ပြီးဆုံးသွားခဲ့ပေမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲအပါအဝင် ဥရောပြိုင်ပွဲတွေ ဆက်ကစားရဖို့ ရှိပါတယ်။
ချဲလ်ဆီးအသင်းက သြဂုတ် ၉ ရက်မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ် ကစားရဖို့ရှိပါသေးတယ်။
စက်တင်ဘာ ၁၂ ရက်မှ စတင်မယ့် ပရီးမီးယားလိဂ် အစီအစဉ်ဟာ အချိန်စောလွန်းသေးပြီး ကစားသမားတွေအတွက် နားချိန်လိုအပ်သလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တွေအတွက် ပြင်ဆင်လေ့ကျင့်ချိန် ပိုရဖို့လည်း လိုအပ်ကြောင်း လမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းအပြင် မန်စီးတီးအသင်းဟာလည်း သြဂုတ် ၁၆ ရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကစားရဖို့ ရှိပါတယ်။
အလားတူ မန်ယူနိုက်တက်နဲ့ ဝုဗ်အသင်းတွေဟာလည်း ယူရိုပါလိဂ်ပွဲစဉ်တွေအဖြစ် သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ယှဉ်ပြိုင်ကစားရဖို့ရှိပါတယ်။