A d v e r t i s e m e n t With Us

လီဗာပူးတိုက်စစ်မှူး အိုရီဂီကို ခေါ်ယူရန် အက်စတွန်ဗီလာ ပစ်မှတ်ထား

လီဗာပူး တိုက်စစ်မှူး အိုရီဂီကိုခေါ်ယူဖို့ အက်စတွန်ဗီလာအသင်းက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။  အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ဖို့ ရုန်းကန်ခဲ့ရပြီး တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိခဲ့တာပါ။  လာမယ့်ရာသီအတွက်တော့ တိုက်စစ်ပိုင်းကောင်းမွန်လာစေဖို့အတွက် လီဗာပူး တိုက်စစ်မှူး အိုရီဂီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။  ဗီလာတိုက်စစ်မှာ ဂျက်ဂရီးလစ်ချ် ခြေစွမ်းပြခဲ့ပေမယ့် ဝက်စ်လေ နဲ့ ဆာမက်တာ တို့ ဂိုးသွင်းယူမှု နည်းပါးခဲ့တာကြောင့် တန်းမဆင်းရဖို့ နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရတာဖြစ် ပါတယ်။  အသက် ၂၅ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး အိုရီဂီဟာ အခုနှစ်မှာ စုစုပေါင်း ၄၂ ပွဲကစားခဲ့ရ ပေမယ့် အရန်ကစားသမားအနေနဲ့ လူစားဝင်ကစားခဲ့ရတဲ့ ပွဲက များခဲ့တာပါ။ အိုရီဂီဟာ အခုနှစ်ရာသီမှာ စုစုပေါင်း ၆ ဂိုးသွင်းယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up