ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာကို လီဗာပူးနှင့်အပြိုင်ခေါ်ယူရန် ပီအက်စ်ဂျီ ကြိုးပမ်း

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို လီဗာပူးနဲ့အပြိုင်ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက ပြင်ဆင်နေပါတယ်။  အသက် ၂၉ နှစ်ရှိ စပိန်ကွင်းလယ်လူ အယ်ကန်တာရာဟာ ဘိုင်ယန်မြူးနစ်က ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး အသင်းဘက်ကလည်း အတည်ပြုထားပါတယ်။  လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့သတင်း စတင်ထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းလည်း ပါဝင်လာခဲ့တာပါ။  ဘိုင်ယန်မြူးနစ်အသင်းဟာ အယ်ကန်တာရာအတွက် ယူရိုသန်း ၃၀ အလိုရှိနေပြီး ပီအက်စ်ဂျီအသင်းဘက်က ပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Le 10 Sport က ဖော်ပြခဲ့ ပါတယ်။  လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကတော့ အယ်ကန်တာရာဟာ ကစားသမားကောင်းတဦး ဖြစ်ပြီး အဲဒီထက်ပိုပြီး ပြောစရာမရှိကြောင်း မှတ်ချက်ပေးထားပါတယ်။

//
More News
Up