Home
မြန်မာသတင်း
သာပေါင်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ ၂ သောင်းကျော်ရှိနေ
DVB
·
August 2, 2020
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင် မရရှိသေးသူ ၂၄၀၀၀ ကျော် ရှိတယ်လို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ သာပေါင်းမြို့နယ်မှာ လက်ရှိမဲစာရင်းအရ မဲပေးခွင့်ရှိသူ ၁ သန်းကျော်ရှိနေပြီး အဲဒီအထဲမှာ မှတ်ပုံတင်မရရှိသေးသူ ၂၄၀၀၀ ကျော်ရှိနေတာလို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက တာဝန်ရှိသူက ပြောပါတယ်။ “မရရှိသေးတဲ့ နေရာဒေသတွေကို တာဝန်ရှိတဲ့သူတွေက ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမှာပါ” လို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောပါတယ်။ မှတ်ပုံတင်မရှိသူအများစုဟာ စားဝတ်နေရေးအတွက် တောတောင်ထဲမှာ အလုပ်လုပ်နေရသူတွေ၊ မြို့နဲ့ဝေးကွာတဲ့ ဒေသမှာနေထိုင်သူတွေနဲ့ မှတ်ပုံတင်လုပ်ဖို့ ဆန္ဒမရှိတဲ့သူတွေဖြစ်နိုင်ပြီး မဲပေးဖို့ ၁ လအလိုအထိ မှတ်ပုံတင်တွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ သာပေါင်းမြို့နယ်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ ပါတီ ၈ ခုရှိပြီး မဲရုံ ၂၀၃ ရုံထားရှိသွားမည်ဖြစ်ကာ  မဲဆန္ဒရှင် ၁ သိန်းကျော်ရှိတယ်လို့ သာပေါင်းမြို့နယ်ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ အလားတူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ မြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-မင်းတင်(ဧရာဝတီတိုင်းမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024