A d v e r t i s e m e n t With Us

အူရီဒူးမြန်မာ အမြတ်ငွေလျော့ကျ၊ ယခုနှစ်ဝက် ဝင်ငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော်ရ

ကိုဗစ်-၁၉ ကြောင့် အမြတ်ငွေလျော့သွားပေမယ့် ဒီနှစ်ဝက်မှာ ဝင်ငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော် ရခဲ့တယ်လို့ အူရီဒူးမြန်မာက ထုတ်ပြန်ပါတယ်။ အူရီဒူးဟာ ငွေကြေးဆိုင်ရာအချက်အလက်တွေကို နှစ်စဉ်ထုတ်ပြန်ပေးနေတာဖြစ်ပြီး ဇွန် လ ၃၀ ရက်အထိ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်မှာ မနှစ်က ဒီအချိန်နဲ့ ယှဉ်ရင်တော့ အမြတ်ငွေ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ငွေကြေးတန်ဖိုးတက်တာနဲ့ ဖုန်းခေါ်ဆိုတာကနေ အမြတ်‌လျော့ကျနေပေမယ့် ‌ဒေတာသုံးစွဲတာ သိသိသာသာ ပိုတိုးလာတာကြောင့် အူရီဒူးမြန်မာရဲ့ ဝင်ငွေ ၈ ရာခိုင်နှုန်း တိုးလာပြီး ကာတာရီရယ် (QAR) ၅၈၀ သန်း (ကျပ်ငွေသန်းပေါင်း ၂၁၇၀၀၀ ကျော်) ရခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွက် စုစုပေါင်းအမြတ် (အတိုး၊ အခွန်၊ တန်ဖိုးလျှော့၊ မူပိုင်ခွင့်နှုန်းထားတွေ မနုတ်ယူခင်အမြတ်ငွေ -EBITDA) ဟာ ကာတာရီရယ် (QAR)  ၁၂၄ သန်း (ကျပ်သန်း ၄၆၀၀၀ ကျော်) ရခဲ့ပြီး မနှစ်က ဒီအချိန်နဲ့ ယှဉ်ရင်တော့ ၇ ရာခိုင်နှုန်းလျော့သွားတာလို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါဟာ သုံးစွဲသူ အသစ်ရှာဖွေတဲ့ စရိတ်ကြောင့်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ အူရီဒူး သုံးစွဲသူ ၁၄၈ သိန်း ရှိတယ်လို့လည်း ဆိုပါတယ်။ အူရီဒူးလုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံတွေမှာလည်း ဒေတာကနေ ရတဲ့ဝင်ငွေဟာ စုစုပေါင်းဝင်ငွေရဲ့ ထက်ဝက်ကျော်ဖြစ်ပြီး ဒီနှစ်ဝက်မှာ အူရီဒူးအုပ်စုဟာ စုစုပေါင်းအမြတ် ကာတာရီရယ်(QAR)   ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်)၊ အသားတင်အမြတ် ကာတာရီရယ် (QAR)  ၈၁၈ သန်း (၂၂၄ သန်းကျော်) ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up