A d v e r t i s e m e n t With Us

စောစောစီးစီး ချန်ပီယံဆုဖလားပေးအပ်တာမျိုး မဖြစ်ရန် ကြိုးပမ်းရမည်ဟု မာတစ် တိုက်တွန်း

ဘယ်အသင်းကမှ ၇ ပွဲ၊ ၁၀ ပွဲလောက်အလိုမှာ ချန်ပီယံဆုဖလား ရယူသွားတာမျိုး ခွင့်မပြုဖို့ မန်ယူကွင်းလယ်လူ မာတစ်က တိုက်တွန်းလိုက်ပါတယ်။  အခုနှစ် ဘောလုံးရာသီမှာ ပြိုင်ဘက် လီဗာပူးအသင်းက လက်ကျန်ပွဲစဉ် ၇ ပွဲအလိုမှာ ချန်ပီယံဆုဖလား ရရှိသွားခဲ့တာ ဖြစ်ပါတယ်။  အဲဒီလို စောစောစီးစီး ချန်ပီယံ ဆုဖလား ပေးအပ်လိုက်တာမျိုးကို လာမယ့်ရာသီတွေမှာ ထပ်ဖြစ်မလာဖို့ ကြိုးပမ်းရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားရမယ်လို့ မာတစ်က ပြောပါတယ်။  မန်ယူအသင်းအနေနဲ့ ချန်ပီယံဆုဖလားအတွက် နှစ်စဉ်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရချင်တယ်လို့လည်း မာတစ်က အသင်းမဂ္ဂဇင်း Inside United မှာ ပြောပါတယ်။  အသက် ၃၂ နှစ်ရှိ ဆားဘီးယား ကွင်းလယ်လူ မာတစ်ဟာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး မန်ယူအသင်းနဲ့လည်း ဆုဖလားရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ 

A d v e r t i s e m e n t With Us

More News
Up