Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၉၁၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
August 2, 2020
သြဂုတ် ၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၉၁၅ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ အခု ၅၀၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၄၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က အခု ၂၇၀၊ ဓာတ်ခွဲနမနူ စုစုပေါင်း  ၉၁၅ ခုအား စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၇ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၇ ဦးရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ သန်းကျော်၊ သေဆုံးသူ ၆၈၈၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၁ သန်းကျော် ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024