ကားများအတွက် အခွန်ကောက်ခံမှု ဖြေလျှော့ပေး
DVB
·
August 1, 2020
ကားတွေအတွက် လက်ရှိကောက်ခံနေတဲ့ အကောက်ခွန်တွေကို ဒီနေ့ကစပြီး ဖြေလျှော့ပေးလိုက်တာကြောင့် ပြည်တွင်းမှာ တပ်ဆင်တဲ့ အင်ဂျင်ပါဝါ ၂၀၀၀ CC နဲ့ အောက် ကားတွေ အခွန်မဆောင်ရတော့ပါဘူး။
ကိုဗစ်-၁၉ ကြောင့် ဖြစ်နေတဲ့ စီးပွားရေးကျဆင်းတာကို ကုစားတဲ့အနေနဲ့ ဖြေလျှော့ပေးတာလို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်လိုက်တာပါ။
လူစီးကားတွေအတွက် အင်ဂျင်ပါဝါ ၂၀၀၀ CC နဲ့ အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်း ကောက်ခံနေရာကနေ ၂၀ ရာခိုင်နှုန်း၊ ၂၀၀၁ CC နဲ့အထက်ကိုတော့ အကောက်ခွန် ၄၀ ရာခိုင်နှုန်းကောက်ခံနေတာကနေ ၃၀ ရာခိုင်နှုန်းကို လျှော့ချပေးလိုက်တာပါ။
ပြည်ပက အစိတ်အပိုင်းတွေ တင်သွင်းလာပြီး ပြည်တွင်းမှာ တပ်ဆင်တဲ့ SKD စနစ်ကားတွေကိုတော့ ၂၀၀၁ CC နဲ့အထက်ကို အကောက်ခွန် ၂၀ ရာခိုင်နှုန်းကောက်ခံနေတာကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ပြီး အင်ဂျင်ပါဝါ၂၀၀၀ CC နဲ့ အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်း ကောက်ခံနေရာကနေ မကောက်ခံတော့ဘူးလို့ ဆိုပါတယ်။