Live
Home
မြန်မာသတင်း
တရားမဝင် ရေနံတူးသူများနှင့်ချက်ဖိုများကို ဖမ်းဆီးအရေးယူရန်မလွယ်ဟု မကွေးဝန်ကြီးချုပ်ပြော
DVB
·
August 1, 2020
မကွေးတိုင်း တရားမဝင် ရေနံတွင်းတူးသူတွေနဲ့ ချက်ဖိုတွေကို ဖမ်းဆီးအရေးယူဖို့ မလွယ်ကူးဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ “တရားမဝင် ရေနံတွင်းတူးသူတွေနဲ့ ချက်ဖိုတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ ယခင်အစိုးရလက်ထက်က ရဲတပ်ရင်း ၂ ရင်းနဲ့ သွားရောက်ဖမ်းဆီးတာ ရန်ပြုခံရလို့ ပြန်လည်ဆုတ်ပေးခဲ့ရတဲ့အတွက် ဖမ်းဆီးဖို့ မလွယ်ကူဘူး။” ဒါ့အပြင် တရားမဝင် ရေနံလုပ်ကွက်တွေကနေ အခွန်ကောက်ခံတာမရှိဘဲ တရားဝင်ခွင့်ပြုထားတဲ့ ရေနံလက်ယက်တွင်းတိမ်တွေသာ နိုင်ငံတော် အခွန်နဲ့ တိုင်းဒေသကြီး ရန်ပုံငွေ ကောက်ခံတာလို့ အစိုးရ စတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ပြည်ထောင်စုက တရားဝင်ခွင့်ပြုထားတဲ့ လုပ်ကွက်တွေကနေ ထွက်ရှိတဲ့ရေနံစိမ်းတွေကို သယ်ယူခွင့် မျောစာ အပေါ်ကနေ ကောက်ခံတာ။” ရေနံလက်ယက်တွင်းတိမ် တူးဖော်ခွင့်ကို ပေ ၃၀၀၀ ထိ ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်ခဲ့ပေမဲ့ ပေ ၁၀၀၀ ထိသာ တူးဖော်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ မကွေးတိုင်း EITI သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဦးဆောင်သူ ကိုအိုလာက တရားဝင် ခွင့်ပြုထားတဲ့ ရေနံလက်ယက်တွင်း တိမ်လုပ်ကွက်တွေထဲမှာ ရေနံထွက်ရှိမှု မရှိသလောက်ဖြစ်ပြီး ယာတွေ၊ တောတောင်တွေထဲမှာ နားလည်မှုနဲ့ တူးဖော်ကြတာလို့ ပြောပါတယ်။ “တရားဝင်လုပ်ကွက်က ရရှိတဲ့ သယ်ယူခွင့်မျောစာတွေကို အသုံးချပြီးတော့ ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို သယ်ယူတာဖြစ်တယ်။” ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေနဲ့ ရေနံလုပ်သားတွေက ရရှိလာတဲ့ ရန်ပုံငွေကနေ ရေနံထွက်ရှိတဲ့ဒေသတွေမှာ အရေးပေါ် မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ဖြည့်စည်းပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားဝင် ရေနံလုပ်ကွက် ၃၃ ကွက်ရှိပြီး သက်တမ်းတိုးလုပ်ကွက် ၁၂ ကွက်ကနေ တိုင်ဒေသကြီးရန်ပုံငွေ ကျပ် ၂၆ ဘီလီယံကျော် ကောက်ခံရရှိထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ မင်းထီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024