A d v e r t i s e m e n t With Us

သဘောထားကွဲလွဲမှုကြောင့် ဂျိမ်းစ်မားဒေါ့ News Corp  ဘုတ်အဖွဲ့မှ နုတ်ထွက်

လူထုဆက်သွယ်ရေး မီဒီယာ News Corp က ထုတ်ဝေတဲ့ အယ်ဒီတာ့အာဘော်အကြောင်းအရာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲတာကြောင့် ဂျိမ်းစ်မားဒေါ့ဟာ ဘုတ်အဖွဲ့ကနေ နုတ်ထွက်သွားတယ်လို့ ကုမ္ပဏီက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ရာထူးက နုတ်ထွက်စာတင်ရာမှာ မားဒေါ့က ကုမ္ပဏီရဲ့ မဟာဗျူဟာ ဆုံးဖြတ်ချက်တချို့နဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲတာကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။  မီဒီယာလုပ်ငန်းရှင်ကြီး ရူးပတ်မားဒေါ့ တည်ထောင်ခဲ့တဲ့ News Corp ကနေ သားဖြစ်သူ နုတ်ထွက်သွားတာကြောင့် ဘုတ်အဖွဲ့မှာ ဒါရိုက်တာ ၁၀ ယောက်သာ ကျန်ပါတော့တယ်။  သြစတြေးလျ အခပေးရုပ်သံကို တန်ဖိုးလျှော့လိုက်တာနဲ့ မီဒီယာလုပ်ငန်းအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ ဂယက်ရိုက်မှုကြောင့်  ဝေါလ်စထရိဂျာနယ်ပိုင်ရှင်ဖြစ်တဲ့ News Corp ဟာ ၃ လပတ်မှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အရှုံးပေါ်ခဲ့တယ်လို့  ပြီးခဲ့တဲ့ မေလတုန်းက  ပို့စ်တင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up