ဘိုကလေးတွင် ဘုရား၊ စေတီပုထိုးများနှင့် ဘာသာရေး အဆောက်အအုံများ ပြန်ပိတ်ရန် ညွှန်ကြား
DVB
·
August 1, 2020
ဘိုကလေးမြို့နယ်က ဘုရား၊ စေတီပုထိုးတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ ပြန်လည်ပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး သတ်မှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်းချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးရေးအဖွဲ့တွေက ဇွန်လအတွင်း စစ်ဆေးခဲ့ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားတာပါ။
ဇူလိုင် ၂၇ က ကျင်းပပြုလုပ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ ဘုရား၊ စေတီ၊ ပုထိုးတွေနဲ့ ဘာသာရေးဆိုင်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းတွေမှာ ရှိခိုးဖူးမြော်ဝတ်ပြုခြင်း ခွင့်မပြုသေးကြောင်း ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
ဇူလိုင် ၃၀ ရက်က စတင်ပြီး မြို့နယ်သာသနာရေးမှူးရုံး၊ ဘုရား၊ စေတီပုထိုးတွေ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့တွေ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကျော်စိုးမိုး