Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၈၈၁ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ဆေးရုံဆင်းခွင့်ပြုပြီးသူ ၂၈၁ ဦးရှိ
DVB
·
August 1, 2020
ဇူလိုင် ၃၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၈၈၁ ခုကို နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က  ၁၈၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၃၂၀ ခုနဲ့  ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က  ဓာတ်ခွဲနမူနာ ၁၆၈ ခု၊ စုစုပေါင်း (၈၈၁) ခုကို စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၆ ဦးရှိတဲ့ထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၁၅ ဦးရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၆၈၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၁ သန်းကျော်ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024