A d v e r t i s e m e n t With Us

တိုင်းနှင့်ပြည်နယ် ၄ ခုတွင် လူပေါင်း ၂၅၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရ

ဓာတ်ပုံ-United Nations OCHA Myanmar
မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၂၅၀၀၀ ကျော်လောက် နေစရာမဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အခြေအနေနဲ့ ပတ်သက်ပြီး အပတ်စဉ်ထုတ်ပြန်တဲ့ သတင်းလွှာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  ထည့်သွင်း ဖော်ပြထားတာပါ။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ရေဘေးကြောင့် နေရာမဲ့ဖြစ်ခဲ့ရသူ ၂၅၀၀၀ ကျော်ရှိတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနကို ကိုးကားပြီး UNOCHA က ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်မှာတော့ ရေကြီးမှုကြောင့်  ဇူလိုင် ၁၁ ရက်ကနေ ၂၇ ရက်အကြား လူပေါင်း ၇၇၅၀ နေစရာမဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီအထဲက လူပေါင်း ၆၆၅၀ လောက်ဟာ  ရေဘေးကယ်ဆယ်ရေး စခန်း ၄၆ ခုမှာ ယာယီခိုလှုံနေရကာ  တချို့သာ သူတို့ရဲ့ နေအိမ်တွေကို ပြန်သွားနိုင်သေးတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၉ ရက်မှာတော့ မန္တလေးတိုင်း အမရပူရမြို့နယ်မှာ တာကျိုးပေါက်ပြီး လူပေါင်း ၁၆၀၀၀ လောက် ရေဘေးဒဏ်ထိခိုက်ခံစားခဲ့ရပါတယ်။ အဆိုပါရေဘေးဒုက္ခသည်တွေကို အမရပူရမြို့နယ်နဲ့ မန္တလေးမြို့ တောင်ဘက်မှာ ယာယီခိုလှုံဖို့ နေရာချပေးထားပြီး အစိုးရက ထောက်ပံ့ကြေးနဲ့ စားနပ်ရိက္ခာတွေ ကူညီပေး နေသလို တခြားမိတ်ဖက် အဖွဲ့အစည်းတွေကလည်း လူသားချင်းစာနာမှု အကူညီပေးနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up