A d v e r t i s e m e n t With Us

ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့မှု အီရတ်ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရုံးတင်စစ်ဆေး

အီရတ်ဆန္ဒပြသူ နှစ်ယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့  အချက်အလက်ရှာဖွေရေး ကော်မတီက ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ရာထူးက ခေတ္တဆိုင်းငံ့ပြီး ရုံးတင်စစ်ဆေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၃၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။  သတင်းစာရှင်းလင်းပွဲအတွင်း ပြည်ထဲရေးဝန်ကြီး အာရ် ဂါမီနီက ရဲတပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ အမှုထမ်း တစ်ယောက်တို့က အမဲလိုက် ရိုင်ဖယ်တွေကို အသုံးပြုခဲ့ကြောင်း၊ လက်နက်အသုံးပြုတာဟာ လုံခြုံရေး ဝန်ထမ်းတွေအား ပေးထားတဲ့ ညွှန်ကြားချက်တွေကို ချိုးဖောက်တာလို့ ဂါမီနီက ဆိုပါတယ်။   ဇူလိုင်လ ၂၆ ရက်ညတုန်းက မြို့တော် ဘဂ္ဂဒက်မှာ  လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ဖြစ်ခဲ့ပြီး ဆန္ဒပြသူ နှစ်ယောက် သေဆုံးကာ ၂၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။   ဒါဟာ လပေါင်းများစွာ တဟာရင်ပြင် ဆန္ဒပြပွဲအတွင်း ပထမဆုံး လူသေဆုံးတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။   အီရတ်ဝန်ကြီးချုပ် မတ်စ်တာဖာ အာရ် ခါဒီမီက  သူ့အစိုးရသစ်အနေနဲ့ ဆန္ဒပြသူတွေ သေဆုံး ထောင်ချခံရတဲ့ ဖြစ်ရပ်တွေကို စုံစမ်းသွားမယ်လို့ ကတိပေးထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up