A d v e r t i s e m e n t With Us

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်း ဖြစ်မည်ကို ဗြိတိန်စိုးရိမ်

ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာမှာကို ဗြိတိန်အာဏာပိုင်တွေက စိုးရိမ်နေပြီး ဖြစ်နိုင်ချေအနေနဲ့ လာမယ့် ရက်နည်းနည်းအတွင်း ရောဂါခြေချုပ် ကန့်သတ်ချက်တွေ ပိုချမှတ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ် ဟန်းကွတ်ခ်က ဇူလိုင် ၃၀ မှာ ပြောလိုက်ပါတယ်။ အရင်အပတ်က ဗြိတိန်အစိုးရဟာ စပိန်က ပြန်လာသူတွေကို ၁၄ ရက် ရောဂါခြေချုပ်နဲ့ နေဖို့ ကန့်သတ်ချက်ကို ပြန်ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် နွေဥတု ကမ္ဘာလှည့် ခရီးသွားရာသီမှာ ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ဖို့ စီစဉ်နေတဲ့ သူတွေအတွက် အစီအစဉ်တွေ ဗြောင်းဆန် ပျက်စီးခဲ့ပါတယ်။ “ဝမ်းနည်းစရာပါပဲ ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းက စနေပြီ။ ကူးစက်ခံအရေအတွက် ပြန်တိုးလာတဲ့ ဥရောပ နိုင်ငံတွေ အများကြီးပါပဲ။ ဒီကလူတွေကို ကာကွယ်ဖို့ ကျနော်တို့ တတ်နိုင်သမျှ အကုန် လုပ်ချင်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။ စပိန်က ပြန်လာတဲ့ လူတွေကို ရောဂါခြေချုပ် ကန့်သတ်ရက် တိုအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ဗြိတိန် အာဏာပိုင်တွေက ကြိုးစားခဲ့ပေမယ့် အပြောင်းအလဲ မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up