ဒေါ်လာဈေး ပြန်လည်ကျဆင်း

ပြီးခဲ့တဲ့ အပတ်က အမြင့်ဆုံးလဲလှယ်နှုန်းအဖြစ် အမေရိကန် ၁ ဒေါ်လာကို ၉၆၅ ကျပ်အထိ တက်ခဲ့တဲ့ ဒေါ်လာငွေဈေးနှုန်းဟာ အစိုးရဌာနဆိုင်ရာ အသီးသီးဆီ ဒေါ်လာငွေနဲ့ အခွန်သွင်းရတဲ့ စနစ် ဖျက်သိမ်းတဲ့ သမ္မတရုံးရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် ဒီနေ့ ဇွန် ၄ ရက်နေ့မှာတော့ ၁ ဒေါ်လာ ၉၃၄ ကျပ်အထိ ကျဆင်းသွားပါတယ်။ ပြင်ပ ငွေလဲဈေးကွက်မှာ ၁ ဒေါ်လာကို အ၀ယ် ၉၃၄ ကျပ်၊ အရောင်း ၉၃၈ ကျပ် ပေါက်ဈေးရှိပေမယ့် သိမ်ဖြူလမ်း တရားဝင်ငွေလဲကောင်တာတွေမှာတော့ ၁ ဒေါ်လာ အ၀ယ် ၉၃၈၊ အရောင်း ၉၄၈ ကျပ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကောင်တာတွေမှာ ဒေါ်လာသွားဝယ်သူ မရှိသလောက် နည်းသွားတာ တွေ့ရသလို သွားရောင်းတာတွေကိုလည်း ရောင်းချင်တဲ့ ပမာဏလောက် ၀ယ်မပေးဘူးလို့ သိရပါတယ်။

More News
Up