Home
မြန်မာသတင်း
ကိုဗစ်အလွန် မီးခိုးတိတ်ခရီးသွားလုပ်ငန်း အရင်ဆုံးလုပ်မည်ဟု  ကရင်ဝန်ကြီးချုပ်ပြော
DVB
·
July 31, 2020
ကရင်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ကိုဗစ်ကပ်ဘေးကာလအလွန်မှာ အရင်ဆုံးလုပ်ဆောင်သွားမယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ဇူလိုင် ၃၀ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ အရင် ၅ နှစ်အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ဟာတွေထက် နှစ်ဆဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ထဲမှာ ဟိုတယ်ခရီးသွားလုပ်ငန်းဖြစ်ပြီး ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းငန်းကို အရင်ဦးစားပေးပြီး ဆောင်ရွက်သွားမယ်လို့  ဝန်ကြီးချုပ်က ပြောပါတယ်။  “လောလောဆယ်ပြောနိုင်တာ ဟိုတယ်ခရီးသွားလုပ်ငန်းပေါ့။ ဒါကတော့ မီးခိုးတိတ် စီးပွားရေး။ ကျမတို့အတွက် ရင်းနှီးမြုပ်နှံစရာမရှိဘူး။    ကိုဗစ်အလွန်မှာ  ဘယ်လုပ်ငန်းက အရင်းဆုံးလုပ်မယ်ဆို ကျမခရီးသွားလုပ်ငန်းငန်းကို အရင် ဦးစားပေးပြီး ဆောင်ရွက်ပါမယ်။” အနှောင့်အယှက်တွေကြားက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သလို ကဏ္ဍတိုင်းနီးပါးလို နှစ်ဆတိုးတက်ခဲ့ပြီး  အရင်အစိုးရသက်တမ်း ၅ နှစ်ကထက်  နှစ်ဆဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအန်အယ်လ်ဒီအစိုးရလက်ထက် ကရင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသလို ခရီးသွားဝင်ရောက်မှု များပြားလာတာတွေကြောင့် ၂၀၁၇ ခုနှစ်ကစတင်ပြီး ခရီးသွားလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။ ကရင်ပြည်နယ်ကို လာ‌ရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပဧည့်သည့်တွေဟာ သမိုင်းဝင် ဇွဲကပင်တောင်၊ ကော့ကသောင်၊ ဘုရင့်ညီဂူ၊ မဟာဆန္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူတွေနဲ့ သဘာဝ‌ရေတံခွန်တွေကို အများဆုံးလာရောက်လည်ပတ်ကြပါတယ်။  ရဲမင်းခေါင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024