Homeမြန်မာသတင်း
သရုပ်ဆောင်သီဟတင်စိုးကို လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူအမျိုးသမီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ
သရုပ်ဆောင်သီဟတင်စိုးကို လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူအမျိုးသမီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ
DVB
·
July 31, 2020
သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မမှန်မကန်လိမ်လည်တိုင်တန်း လျော်ကြေးတောင်းခဲ့တဲ့ အိမ်အကူ ဒေါ်ခင်မာမြင့်ကို ထောင်ဒဏ် ၇ နှစ်ကျခံဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
နစ်နာစေဖို့ရည်ရွယ်ချက်နဲ့ ပြစ်မှုကျူးလွန်တယ်ဆိုပြီး မမှန်မကန်စွပ်စွဲခြင်း ပုဒ်မ ၂၁၁ နဲ့ ထောင်ဒဏ် ၂ နှစ်၊ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ဖို့ တစ်ဦးတစ်ယောက်အား ပြစ်မှုတခုနဲ့ စွပ်စွဲမယ်လို့ ကြောက်အောင်ပြုခြင်း ပုဒ်မ ၃၈၉ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇူလိုင် ၃၀ ရက်မှာ အမိန့်ချခဲ့တာပါ။
အဲ့ဒီအမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပွဲစားအမျိုးသမီးတစ်ဦးကိုလည်း ပုဒ်မ ၃၈၉ နဲ့ ထောင်ဒဏ် ၅ နှဏ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
သရုပ်ဆောင်သီဟတင်စိုးအိမ်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်တဲ့ ဒေါ်ခင်မာမြင့်က သူ့ကို သီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မမှန်မကန် အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စဟာ အိမ်အကူနဲ့ပွဲစားက လိမ်လည်တိုင်တန်းခဲ့တယ်ဆိုတာကို ရက်ပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး ပြန်လည်တရားစွဲဆို ခံခဲ့ရတာဖြစ်ပါတယ်။