ဝုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ် ယူနိုက်တက်ကို ပြောင်းရွှေ့မည်ဟု သတင်းထွက်

ဝုဗ်အသင်းက အစားထိုးဖို့ တိုက်စစ်မှူးတဦးကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ခဲ့တာကြောင့် တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ်ဟာ အခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့ပြီလို့ Metro သတင်းမှာ ဖော်ပြပါတယ်။  ဂျီမီနက်ဇ်ဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့သူဖြစ်ပြီးတော့ ပရီးမီးယားလိဂ်အဆင့် ၇ မှာ ရပ်တည်ခဲ့တဲ့ ဝုဗ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုး ၂၀ သွင်းပြီး ၉ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။  နည်းပြကြီး နူနိုနဲ့ အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ကန်စရာရှိသေးတာကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင်‌ေ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ခြေရှိနေသေးပေမဲ့ အဓိကတိုက်စစ်မှူး ဂျီမီနက်ဇ်က အသင်းမှာဆက်ရှိဖို့ မသေချာတော့ဘူးလို့ ပေါ်တူဂီမီဒီယာ RTP ကပြောပါတယ်။  မက္ကဆီကိုတိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီး သူ့နေရာမှာ အစားထိုးဖို့အတွက် ဝုဗ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး ပေါ်လင်ဟိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။  သတင်းအရ ပေါ်လင်ဟိုဟာ ဝုဗ်အသင်းကို ပေါင် ၂၇ သန်းနဲ့ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး ဒီအပြောင်းအရွှေ့ကို စူပါအေးဂျင့် ဂျော့မန်ဒတ်က စီစဉ်ခဲ့တာလို့ သိရပါတယ်။  ပေါ်လင်ဟိုဟာလညဘ်း ဂျီမီနက်ဇ်လိုမျိုးပြီးခဲ့တဲ့ရာသီမှာ အထူးခြေစွာခဲ့သူဖြစ်ပြီး ဘရာဂါအသင်းအတွက် ၄၈ ပွဲကစားပြီး ၂၅ ဂိုးသွင်းကာ ၉ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။  ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်အင်အားကိုဖြည့်တင်းဖို့ စီစဉ်ထားသူဖြစ်ပြီး ဒေါ့မွန်တိုက်စစ်ကစားသမား ဆန်ချိုဟာ သူ့ရဲ့အဓိကပစ်မှတ်ဖြစ်ပါတယ်။  ဇန်နဝါရီအပြောင်းတုန်းက မာရှယ်အတွက် အထောက်အပံ့ဖြစ်စေဖို့ အီဂါလိုရဲ့ အငှားစာချုပ်ကို သက်တမ်းတိုးထားပေမယ့် ဆိုးလ်ရှားဟာ No. 9 နေရာမှာ ကစားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေဆဲဖြစ်ပါတယ်။  လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်က အထင်ကြီးလောက်စရာ ခြေစွမ်းပြသူမှု ပြုလုပ်နိုင်ခဲ့ပေမယ့် သူဟာ ဆိုးလ်ရှားအလိုရှိနေတဲ့ တိုက်စစ်မှူးတဦးဖြစ်လာဖို့တော့ လုံလောက်မှု မရှိနိုင်သေးပါဘူး။  ဒါ့ကြောင့် သတင်းတွေမှာ ဖော်ပြချက်သာ မှန်ကန်ခဲ့မယ်ဆိုရင် ဂျီမီနက်ဇ်ဟာ နောက်ရာသီမစတင်ခင်မှာ ယူနိုက်တက်အသင်းသား ဖြစ်လာမလား စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up