သက်ရှိအထောက်အထားရှာဖွေရန် အင်္ဂါဂြိုဟ်ပေါ်သို့ ရိုဘော့ ပါသည့်ရဟတ်ယာဉ်ငယ်လွှတ်တင်

1.9K
အင်္ဂါဂြိုဟ်ပေါ်မှာ အရင်က သက်ရှိတွေနေထိုင်ခဲ့တဲ့ အထောက်အထားကို ရှာဖွေဖို့ ရည်မှန်း ချက်ကြီးမားတဲ့ မစ်ရှင်တစ်ရပ်ကို နာဆာက ဇူလိုင်လ ၃၀ ရက်မှာ စေလွှတ်မှာပါ။
ဒီမစ်ရှင်မှာ ၆ ဘီးတပ်ရိုဘော့ Perseverance ပါဝင်ပြီး ရဟတ်ယာဉ်ငယ် ဆင်းသက်မယ့် တာဝန်နဲ့အတူအနာဂတ်မှာ လူလိုက်ပါတဲ့ မစ်ရှင်တွေ စေလွှတ်ဖို့ ကိရိယာစမ်းသပ်မှုတွေကို လုပ်သွားမှာပါ။
အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကုန်ကျတဲ့ ဒီမစ်ရှင်ဟာ အမေရိကန်အာကာသ အေဂျင်စီရဲ့ အင်္ဂါဂြိုဟ်ပေါ် နဝမ မြောက်စေလွှတ်မှုအဖြစ် စီစဉ်ထားပါတယ်။
ဒီလထဲမှာပဲ ယူအေအီးနဲ့တရုတ်နိုင်ငံတွေက နည်းပညာစွမ်းပကားနဲ့ ရည်မှန်းချက်ကြီးမား တာကို ပြသပြီး အင်္ဂါဂြိုဟ်စူးစမ်းရေး ဒုံးပျံတွေကို လွှတ်တင်ခဲ့ပါတယ်။
“ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ် တခြားကမ္ဘာတစ်ခုမှာ သက်ရှိကို ရှာဖွေမယ့် ထူးခြား မစ်ရှင်နဲ့အင်္ဂါဂြိုဟ်ကို သွားရောက်မှာ ဖြစ်တယ်”လို့လည်း နာဆာအုပ်ချုပ်ရေးမှူး ဂျင်မ်-ဘရိုင်ဒန်စ တိုင်းက ပြောပါတယ်။