A d v e r t i s e m e n t With Us

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ  ကိုယ်စားလှယ်လောင်း ၂၃ ဦး ဝင်ပြိုင်မည်

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) အနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အပါအဝင် ကချင်နဲ့ မန္တလေးတိုင်းဒေသကြီးမှာ ကိုယ်စားလှယ်လောင်း ၂၃  ဦး ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ အမျိုးသားလွှတ်တော် ၃ နေရာ၊  ပြည်သူ့လွှတ်တော် ၈ နေရာ၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် ၁၀ နေရာနဲ့  တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ၂ နေရာအတွက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနဲ့ လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး တစ်နေရာသာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အများဆုံးက ကချင်ပြည်နယ်မှာ ယှဉ်ပြိုင်သွားမှာလို့ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ) ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဆွန်မလေးက ပြောပါတယ်။  “ရှမ်းပြည်နယ်မှာ ၂ ယောက်၊ မန္တလေးတိုင်းမိုးကုတ်မှာ  ၄ ယောက် ကချင်ပြည်နယ်မှာ ၁၇ ယောက်ယှဉ်ပြိုင်မှာ၊ ကချင်မှာလီဆူတွေ အများဆုံး နေထိုင်တော့ အများဆုံးဝင်ရောက်ယှဉ်ပြိုင် တာဖြစ်တယ် ”လို့ ပြောပါတယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးဖြစ်တယ်လို့ သိရပါတယ်။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်မှာ ပြည်နယ်လွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ ရှမ်းပြည်နယ်မှာ လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး တစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။ လီဆူအမျိုးသားရေးကိုအခြေခံပြီး တခြားတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွေကိုဆောင်ရွက်ဖို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ပါတီကိုဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ သတင်း- ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up