A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ လူနာ အမှတ် ၃၅၃ ကို ကော့သောင်းဆေးရုံတွင် ကုသပေးနေ   

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီမနက်အတည်ပြု ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ လူနာသစ် အမှတ် ၃၅၃ ဟာ  တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး  ရောဂါလက္ခဏာမပြဘူးလို့ သိရပါတယ်။ ကော့သောင်းဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က “အခုလူနာက လန်းလန်းဆန်းဆန်းပါပဲ။ နေမကောင်းဖြစ်တာ၊ ကိုဗစ် လက္ခဏာပြတာ မရှိသေးပါဘူး။ ပိုးတွေ့တဲ့အဆင့်ပဲ ရှိပါသေးတယ်။ အခု ကျနော်တို့ ဆေးရုံက သီးသန့်လူနာဆောင်မှာ ခွဲထားပြီး စောင့်ကြည့်နေပါတယ်”လို့ ပြောပါတယ်။ လူနာအမှတ် ၃၅၃ မှာ ထိုင်းနိုင်ငံမှတဆင့် ကော့သောင်းမြို့ကို ဝင်ရောက်တာကြောင့် ဇူလိုင် ၂၃ ရက်နေ့မှာ သက်ဆိုင်ရာက သွားရောက်ခေါ်ယူပြီး Quarantine စင်တာမှာ ထားရှိခဲ့တာပါ။ ဇူလိုင် ၂၈ ရက်က နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူပြီး ဇူလိုင် ၂၉ ရက်နေ့မှာ ဓာတ်ခွဲခန်းပို့ဆောင် စစ်ဆေးရာ ပိုးတွေလူနာအဖြစ် အဖြေထွက်တာဖြစ်တယ်လို့ သိရပါတယ်။ ကောင်းသောင်းမှာ ကိုဗစ်-၁၉ လူနာတွေ့ရှိတာနဲ့ ပတ်သက်ပြီး မြို့ခံ ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက “ မြို့ကအရင်အေးအေးဆေးဆေးပါပဲ။ အခုပိုးတွေ့လူနာ ကော့သောင်းဆေးရုံမှာတွေ့တဲ့ သတင်းကြောင့် ကျုပ်တို့မြို့ မအေးဆေးတော့ဘူး။ စျေးသွားရင်တောင် Mask တပ်ပြီး  ရင်တထိတ်ထိတ်ဖြစ်နေရတယ်။” လို့ ပြောပါတယ်။ တဖက်နိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ခိုးလမ်းကြောင်းကနေတဆင့် နေ့စဉ်လိုလို  ဝင်ရောက်နေတာရှိပြီး  သက်ဆိုင်ရာက စောင့်ကြည့်နေတဲ့ကြားက နည်းအမျိုးမျိုးနဲ့ ဝင်ရောက်နေတာလို့  ဒေသခံ တာဝန်ရှိသူတဦးကပြောပါတယ်။   သတင်း-လတ်ကိုကိုဦး

A d v e r t i s e m e n t With Us

More News
Up