A d v e r t i s e m e n t With Us

အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းအချို့ကို ပြန်စိစစ်နေ  

ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
အန်အယ်လ်ဒီပါတီဗဟိုက ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်း တချို့နဲ့ ပတ်သက်ပြီး  မကျေနပ်လို့ တိုင်ကြားတာတွေကို နေပြည်တော်ယာယီ ဗဟိုဌာနချုပ်မှာ ပြန်လည်စိစစ်တာတွေ ပြုလုပ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို  ဇူလိုင် ၂၃ရက်က  ထုတ်ပြန်ခဲ့တာပါ။  ဗဟိုကရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတချို့ကို  အောက်ခြေက မကျေနပ်လို့ တိုင်ကြားတာတွေရှိနေတဲ့အတွက် ဇူလိုင် ၂၇ ရက်နေ့ကစပြီး ပြန်လည်စိစစ်တာတွေပြုလုပ်နေ ပါတယ်။ မကျေနပ်လို့တိုင်ကြားသူတွေ တိုင်ကြားခံရသူတွေနဲ့ ဆက်သွယ်တွေ့ဆုံပြီး နေပြည်တော် ယာယီဗဟိုဌာနချုပ်မှာ စိစစ်နေတယ်လို့  ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူ မုံရွာအောင်ရှင်က ပြောပါတယ်။ ဘယ်ကိုယ်စားလှယ်လောင်းတွေကို  ကန့်ကွက်တယ်၊ ကိုယ်စားလှယ် ဘယ်နှစ် ဦးကန့်ကွက်ခံရတယ်ဆိုတဲ့ အချက်အလက် အသေးစိတ်ကိုတော့ ပါတီက မထုတ်ပြန်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်တဲ့နေရာမှာ ခိုင်လုံတဲ့အထောက်အထားရှိမယ်၊ အချိန်လုံလောက်မယ်ဆိုရင် ပါတီက ပြန်လည်စဉ်းစားပြင်ဆင်မယ်လို့ ပါတီ ဗဟို အောင်နိုင်ရေးကော်မတီက ပြောပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်တွေအရ တင်သွင်းထားပြီးသား ကိုယ်စားလှယ်လောင်းစာရင်းကိုပြန်ပြီးပယ်ဖျက်ချင်တယ်ဆိုရင် သြဂုတ် ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပယ်ဖျက်ဆောင်ရွက်ရမှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်ဒီပါတီက တစ်ပြည်လုံးအတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၁၃၂ နေရာ  ဝင်ပြိုင်သွားမယ်လို့ အတည်ပြုထားပါတယ်။ ဇူလိုင် ၂၃ ရက် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပြီးနောက်မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သစ္စာရှိတာနဲ့ အတွေ့အကြုံရှိတာအပေါ်မူတည်ပြီး ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခဲ့တာလို့ ပြောထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up