ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်းစာရင်းတွင် လီဗာပူးက အဆင့် ၄ နေရာ ရပ်တည်
နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းစာရင်းမှာ လက်ရှိ ပရီးမီးယား လိဂ်ချန်ပီယံ လီဗာပူးက အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
မန်ချက်စတာယူနိုက်တက်က အဆင့် ၃ မှာရပ်တည်ခဲ့ပြီး ပေါင် ၄၇ သန်း လီဗာပူးထက် အသာရခဲ့ပါတယ်။ တန်ဖိုးအရှိဆုံးဘောလုံးအသင်းစာရင်းတွေကို Brand Finance Football က တစ်နှစ်တာ အတွက် သတ်မှတ်ခဲ့တာပါ။
ကမ္ဘာလုံးအတိုင်းတာအရ ရီးရဲလ်မက်ဒရစ်က ပေါင် ၁ ဒသမ ၂၈၉ ဘီလီယံနဲ့ တန်ဖိုးအရှိဆုံး အသင်းအဖြစ်သတ်မှတ်ခံရ ပါတယ်။
ဒုတိယနေရာမှာ ဘာစီလိုနာအသင်းက ပေါင် ၁ ဒသမ ၂၈၉ ဘီလီယံနဲ့ရပ်တည်ပြီး မန်ယူနိုက်တက်က ပေါင် ၁ ဒသမ ၁၉၀ ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။
လီဗာပူးကပေါင် ၁ ဒသမ ၁၄၃ ဘီလီယံနဲ့စတုတ္ထ၊ မန်စီးတီးက ပေါင် ၁ ဒသမ ၀၁၈နဲ့ ပဉ္စမနေရာတွေမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။
ထိပ်တန်း ၁၀ သင်းထဲမှာတော့ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ စပါးနဲ့ အာဆင်နယ် အသင်းတွေက အစဉ်လိုက်ရပ်တည်ပါတယ်။